ကယ်ရီ ထရိတ်

ကယ်ရီ ထရိတ်

ဒီနည်းကတော့ ထရိတ်ဒါတွေအနေနဲ့ အတိုးနှုန်းနည်းတဲ့ ငွေကြေးအမျိုးအစားကို ရောင်းချပြီး အတိုးနှုန်းများတဲ့ငွေကြေးအမျိုးအစားကို ၀ယ်ထားရတဲ့ နည်းတစ်ခုဖြစ်ပါတယ်. ဒီနည်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လက်ရှိဖြစ်နေတဲ့ အတိုးနှုန်းတွေရဲ့ ကွာခြားချက်တွေကို အသုံးချပြီး leverageဆတိုးအကူအညီနဲ့ အမြတ်များများရှာနိုင်ဖို့ပဲဖြစ်ပါတယ်.

ဥပမာပြရမယ်ဆိုရင် အမေရိကအတိုးနှုန်းက ၁%ဖြစ်နေတဲ့အချိန်မှာ တောင်အာဖရိကအတိုးနှုန်း ၇%ဖြစ်နေတယ်ဆိုကြပါစို့. ဒါဆိုရင် ဒီနှစ်နိုင်ငံကြားက အတိုးနှုန်းကွာခြားချက်ကြားက ၆%ကွာနေတဲ့ဟာကို အမြတ်ရအောင်လုပ်နိုင်နေပါပြီ. ဒီလိုမျိုးအခြေအနေမှာဆိုရင် အတိုးနှုန်းနည်းတဲ့ USDကို ချေးငှားပြီး ( အတိုးနှုန်းနှန်းတဲ့အတွက် ချေးရတာကောင်းတယ် အတိုးပေးရတာနည်းတယ်ပေါ့ဗျာ) အတိုးများတဲ့ ငွေကိုဝယ်ထားသင့်ပါတယ်. ကျနော်တို့ အပေါ်မှာပြောခဲ့တဲ့ ဥပမာမှာဆိုရင် တောင်အာဖရိကငွေကြေး Randကိုဝယ်ထားသင့်ပါတယ်. Leverageကိုသုံးပြီးတော့လဲ အမြတ်ငွေများအောင် လုပ်ဆောင်နိုင်ပါသေးတယ်. ဥပမာ သင်ယူတဲ့ leverageက ၁၀း ၁ဆိုရင် ပုံမှန်ရမယ့်အမြတ်ရဲ့ ဆယ်ဆဖြစ်တဲ့ ၆၀%ကို အမြတ်ရနိုင်ပါတယ်. ဒါပေမယ့် ဒီထရိတ်ဒင်းစတိုင်ရဲ့နောက်မှာ - မမျှော်လင့်ဘဲ ၇ုတ်တရက် ငွေလဲနှုန်းပြောင်းသွားနိုင်တဲ့ အလွန်ကိုမှကြီးတဲ့ အန္တရာယ်ကြီးရှိနေပါတယ်. အပေါ်ကဥပမာမှာ တောင်အာဖရိကငွေ ZARက USDနဲ့ယှဉ်တဲ့အခါ ZARက ထိုးကျသွားခဲ့မယ်ဆိုရင် သင်တော့ကွဲပါပြီ. ရှုံးပါပြီ.

ဒါကြောင့် ကယ်ရီထရိတ်က အရမ်းကောင်းတဲ့ပုံပေါ်နေပေမယ့် တချို့ကိစ္စတွေမှာ တကယ့်ကို အန္တရာယ်များတဲ့ပုံစံတစ်ခုပါ. ငွေကြေးအကျိုးအမြတ်ကိုပဲမြင်ပြီး အတိုးနှုန်းတစ်ခုတည်းအပေါ်ကြည့်နေတဲ့အခါ ငွေလဲနှုန်းအတက်အကျအခြေအနေ အလားအလာတွေကို ကြည့်ဖို့အားနည်းသွားတတ်ပါတယ်.

ကယ်ရီထရိတ်နည်းနဲ့ ထရိတ်တဲ့သူတွေဟာ အတိုးနှုန်းကွာခြားချက်တစ်ခုတည်းကိုပဲမကြည့်ဘဲ ဈေးကွက်လှုပ်ရှားမှုအခြေအနေတွေကိုပါ ပိုင်ပိုင်နိုင်နိုင် သုံးသပ်နိုင်မှသာ ပိုပြီး အဆင်ပြေကောင်းမွန်တဲ့ အမြတ်ကို ရရှိနိုင်မှာပါ. 

ဒီစတိုင်နဲ့ရောင်းဝယ်တဲ့ ထရိတ်ဒါ

Julian-Robertson.png

ကယ်ရီထရိတ်ဒါတွေထဲမှာ Julian Robertsonက နာမည်အကျော်ကြားဆုံးသော ထရိတ်ဒါတစ်ယောက်ပါ. သူက USD/JPYအတွဲကို ထရိတ်လေ့ရှိပါတယ်. ၁၉၉၅ - ၁၉၉၈ ခုနှစ်တွေအတွင်းမှာ ဒီငွေကြေးအတွဲမှာ အတိုးနှုန်းကွာခြားချက်က ၆၆%အထိ ရှိခဲ့တဲ့အချိန်မှာ ကယ်ရီထရိတ်ဒါတွေက အတိုးနှုန်းနည်းတဲ့ ယန်းကိုရောင်းပြီး အတိုးနှုန်းများတဲ့ အမေရိကန်ဒေါ်လာကို ၀ယ်ထားကြပါတယ်. USD/JPYအတိုးနှုန်းက ၆၆%တောင်ကွာနေတာဖြစ်တဲ့အတွက် ကယ်ရီထရိတ်ဒါတွေဟာ သူတို့အရင်းရဲ့ ၁၅%အထိအောင် အမြတ်ရခဲ့ကြပါတယ်. Julian Robertsonဟာဆိုရင်လဲ USD/JPYအတွဲကို leverageယူထရိတ်ပြီး အဲ့ဒီအချိန်တုန်းက အမြတ်အများအပြားရရှိခဲ့တာပါ. ဒါပေမယ့် ၁၉၉၈ခုနှစ်ရောက်တဲ့အခါမှာ Yenတန်ဖိုးက ရုတ်တရက်ထိုးတက်သွားတဲ့အခါမှာ ယန်းကိုရောင်းထားတဲ့ ဂျူလီယန်တစ်ယောက် ၂ဘီလျှံလောက်အထိ အထိနာ အရှုံးပေါ်ခဲ့ရပါတယ်.

နောက်ဆုံးရ သတင်းများ

ငွေကြေးဖောင်းပွမှုဒေတာကိုကြည့်ပြီး ဗြိတိန်ပေါင်ရောင်းဝယ်ပါ

ဗြိတိန်စားသုံးသူ ဈေးနှုန်းအညွှန်းကိန်း (CPI)အဆင့်အား ဇန်နဝါရီ ၁၆၊ ၁၁:၃၀ MTအချိန်တွင် ထုတ်ပြန်ပါမည်။

USD ရောင်းဝယ်ရန် အခွင့်အရေးယူပါ

အမေရိကန် PPI၏ အဆင့်အား ဇန်နဝါရီ ၁၅၊ ၁၅:၃၀ MTအချိန်တွင် ထုတ်ပြန်ပါမည်။

စီးပွားရေးအညွှန်းကိန်းများတွင် ဗြိတိန်ပေါင်ရောင်းဝယ်ပါ

ဗြိတိန် GDP အဆင့်များနှင့် ကုန်ထုတ်လုပ်မှုထုတ်ကုန်များအား ဇန်နဝါရီ ၁၁၊ ၁၁:၃၀ MTအချိန်တွင်ထုတ်ပြန်ပါမည်။

သင်၏ပြည်တွင်းငွေကြေးစနစ်ဖြင့်ငွေသွင်းရန်

ဖုန်းပြန်ခေါ်ပေးမည်

မကြာမီ မန်နေဂျာမှ လူကြီးမင်း၏ ဖုန်းကိုပြန်ခေါ်ရန်။

နံပါတ် ပြင်ပါ

လူကြီးမင်း၏လျှောက်လွှာကို လက်ခံပြီးဖြစ်ပါသည်

မကြာမီ မန်နေဂျာမှ လူကြီးမင်း၏ ဖုန်းကိုပြန်ခေါ်ရန်။

အတွင်းပိုင်းတစ်ခုခုအမှားအယွင်းဖြစ်နေသည်။ ကျေးဇူးပြု၍ နောက်တစ်ကြိမ်ထပ်မံကြိုးစားကြည့်ပါ။

စတင်လေ့လာသူများအတွက် Forexစာအုပ်

စတင်ရောင်းဝယ်ရာတွင် လိုအပ်သည့် အရေးအကြီးဆုံးအရာ
သင့်အီးမေးလ်ကို ထည့်သွင်းလိုက်ပါ. Forex လမ်းညွှန်စာအုပ်ကို သင့်ထံအခမဲ့ ပေးပို့ပေးသွားပါမည်

ကျေးဇူးပါ!

သင့်အီးမေးလ်ထံ လင့်ခ်ပို့ပေးလိုက်ပါပြီ.
ထိုအီးမေးလ်အား ကလစ်နှိပ်ကာ သင့်အီးမေးလ်လိပ်စာကိုအတည်ပြုပြီး စတင်လေ့လာနေသူများအတွက် Forex လမ်းညွှန်စာအုပ်ကို အခမဲ့ရယူလိုက်ပါ.

သင်ဟာ ဘရောက်ဇာ ဗားရှင်းအဟောင်းကိုသုံးနေတာ ဖြစ်ပါတယ်.

အောင်မြင်မှုပိုရဖို့ နှင့် အရောင်းအ၀ယ် အတွေ့ အကြုံတွေရပြီး လုံခြုံမှုရှိဖို့အတွက် အဆင့်မြှင့်တင်လိုက်ပါ သို့မဟုတ် အခြားတစ်ခုကို သုံးပါ.

Safari Chrome Firefox Opera