ဆုံးရှုံးနိုင်ခြေ riskတွေကို စီမံလျှော့ချနိုင်မှု

ဆုံးရှုံးနိုင်ခြေ riskတွေကို စီမံလျှော့ချနိုင်မှု

စွန့်စားမှုစီမံခန့်ခွဲခြင်းဆိုတာ Forex ထရိတ်မှာ အဓိကကျတဲ့အရာပါ။ ဒီိရိုးရှင်းတဲ့အရာကို စောစောသိထားရင်ပိုကောင်းပါတယ်။ နောက်ပြီးတော့ ကျွမ်းကျင်အောင်လေ့ကျင့်ထားဖို့လည်းလိုအပ်ပါတယ်။
ဒီစွန့်စားမှုစီမံခန့်ခွဲခြင်းရဲ့ဆိုလိုရင်းက မမျှော်လင့်ထားတဲ့ စွန့်စားမှုတွေကို သတ်မှတ်ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်း၊ ဆန်းစစ်ခြင်း၊ ထိန်းချုပ်ခြင်း၊ ရှောင်ရှားခြင်း၊ လျှော့ချခြင်း နဲ့ ဖယ်ရှားခြင်းတို့ကို လုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်။ Forex ထရိတ်ဒါတွေရင်ဆိုင်ရမယ့် စွန့်စားမှုတွေက နားလည်ဖို့ လွယ်ကူပါတယ်။ စွန့်စားမှုဆိုတာ အရှုံးရလာဒ်နဲ့ရင်ဆိုင်ရတဲ့ ထရိတ်တစ်ခုမှာ အမြဲပါဝင်နေပါတယ်။
ထရိတ်ဒါတစ်ယောက်အနေနဲ့ ဈေးကွက်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်သလို သင့်အရောင်းအ၀ယ်ကိုလဲ ၁၀၀%မြတ်မယ်ဆိုပြီး သေချာပြောလို့မရနိုင်ပါ။ သို့သော် ထိုထရိတ်ဒါတစ်ဦးအနေနဲ့ ဘယ်အချိန်ထရိတ်မယ် ဘယ်အချိန်မထရိတ်ဘူး ဘယ်အချိန်ဈေးကွက်ထဲစ၀င်မယ် ဘယ်အချိန်ထွက်မယ် စတဲ့ အခြားထိန်းချုပ်ကိုင်တွယ်နိုင်တဲ့အရာတွေ ရှိနေပါတယ်: အော်ဒါတစ်ခုဖွင့်လိုက်တာနဲ့ မိမိရဲ့ အန္တရာယ်ကို ကြိုသိပြီး ကြိုကာထားဖို့အတွက် လုပ်ဆောင်နိုင်တဲ့အရာတွေရှိပါတယ်။ ဥပမာ stop loss ထားလိုက်တာမျိုးပါ။ ဒီလိုထားလိုက်ခြင်းအားဖြင့် Stop Loss ထားတာထက်ပိုပြီး မဆုံးရှုံးနိုင်တော့ပါ။ လိုတာထက်ပိုပြီး ဆုံးရှုံးမှာကို ပူနေစရာမလိုတော့ဘဲ အခြား အမြတ်ရနေတဲ့အော်ဒါတွေကို ပိုပြီး အာရုံစိုက်လို့ရနိုင်မှာ ဖြစ်ပါတယ်။
နောက်ပြီး စွန့်စားမှုစီမံခန့်ခွဲခြင်း ၃၀% အောင်မြင်တောင် ထရိတ်ဒါတွေကို  အကျိုးအမြတ်တွေရရှိစေပါတယ်။ ဘယ်လိုလဲဆိုတာ လေ့လာကြည့်ရအောင်။

ကိုယ့်ကိုကိုယ်ထိန်းချုပ်မှုရှိတဲ့ ထရိတ်ဒါတစ်ယောက်ဖြစ်လိုက်ပါ

Forexထရိတ်ဒင်းလုပ်တဲ့နေရာမှာ လူနှစ်မျိုးနှစ်စားရှိပါတယ်။ တစ်ခုက ရမ်းသမ်းပြီး စနစ်တကျမရှိဘဲ လုပ်ချင်ရာလုပ်တဲ့သူနဲ့ နောက်တစ်ခုက သေသေချာချာစနစ်တကျလုပ်တဲ့သူပါ။ ရမ်းသမ်းပြီး စနစ်တကျမရှိဘဲ လုပ်ချင်ရာလုပ်တဲ့သူက ထားသင့်တဲ့stop lossတွေကို စနစ်တကျမထားဘဲ အော်ဒါဖွင့်တတ်ပါတယ်။ အဲ့ဒီလိုဖွင့်တဲ့အပြင် သူ့ငွေအမောင့်နဲ့ မနိုင်လောက်တဲ့လော့ဆိုဒ်တွေကို ထရိတ်တတ်ပါသေးတယ်။ အဲ့ဒီအခါမှာ ဈေးကွက်က သူနဲ့ဆန့်ကျင်ဘက်တွေဖြစ်လာတဲ့အခါ နည်းနည်းလေးစိတ်လှုပ်ရှားမှုဖြစ်လာတာနဲ့ ဆုံးဖြတ်ချက်အမှားတွေချမိတတ်ပြီး ဆုံးရှုံးမှုတွေကြုံရသွားတတ်ပါတယ်။
သေသေချာချာစနစ်တကျလုပ်တဲ့သူက သူ့မှာ သူနဲ့ကိုက်ညီတဲ့ နည်းစနစ်တွေ ဗျူဟာတွေနဲ့ စနစ်တကျလုပ်ထားတာဖြစ်တဲ့အတွက် risk တွေကို စီမံလျှော့ချနိုင်သလို သင့်တင့်မျှတတဲ့ သူ့အပိုငွေကိုပဲထည့်သွင်းရောင်းဝယ်တတ်ပါတယ်။ အဲ့ဒီလိုထရိတ်ဒါမျိုးတွေကသာ ခေါင်းအေးအေးထားနိုင်ပြီး အမှားတွေကနေ သင်ယူနိုင်ကာ ဈေးကွက်မှာ ရေရှည်ရပ်တည်နိုင်ပြီး ပရော်ဖက်ရှင်နယ်အဆင့်အထိရောက်လာနိုင်တာဖြစ်ပါတယ်။
မှတ်ထားရမှာက သင့်အကောင့်မှာ ရှုံးနိုင်တဲ့ ပမာဏများလေလေ ရှုံးထားတာတွေပြန်ရအောင် ထပ်မံကြိုးစားဖို့ အခွင့်အရေးနည်းသွားလေလေပါ။ ဥပမာ သင့်မှာ ဒေါ်လာ ၁၀၀ရှိပြီး $၅၀ လောက်ရှုံးသွားတယ်ဆိုပါတော့ ( သင့်အရင်းရဲ့ ၅၀%ပါ) သင့်ယခင်အရင်းဒေါ်လာတစ်ရာအထိ ပြန်ဖြစ်ချင်တဲ့အခါ လက်ထဲကျန်တဲ့ ဒေါ်လာ၅၀ရဲ့ ၁၀၀%ကို ပြန်ရှာရတော့မှာပါ။ ဒါကြောင့် အများကြီးအရှုံးမခံပါနဲ့။ သေချာဆုံးဖြတ်ပြီးမှလုပ်ပါလို့ သတိပေးချင်ပါတယ်. 

RM1.png

position အရွယ်အစားသတ်မှတ်ခြင်း၏ အရေးပါပုံ

အဆုံးအရှုံးကိုကန့်သတ်ခြင်းရဲ့ လျှိုဝှက်ချက်က အချက်သုံးချက်မှာ တည်နေပါတယ်။ Position အရွယ်အစားသတ်မှတ်ခြင်း၊ Leverage နှင့် Stop Loss ပါ။ Position အရွယ်အစားသတ်မှတ်ခြင်းဆိုတာ သင်သတ်မှတ်ထားတဲ့ စွန့်စားမှုရောက်အောင် ယူနစ်ဘယ်လောက် ထရိတ်ရမယ်ဆိုတာကို ဆုံးဖြတ်တဲ့နည်းလမ်းဖြစ်ပါတယ်။
အရောင်းအ၀ယ် ဆိုဒ်ပမာဏ မှန်ပါစေ။ အရောင်းအ၀ယ် တစ်ခေါက်တည်းအတွက်နဲ့ ရှိသမျှငွေအားလုံး ပုံပစ်လိုက်တာမျိုး မလုပ်သင့်ပါဘူး။ အရောင်းအ၀ယ်တစ်ခုလုပ်တိုင်း သင့်အရင်းအနှီးရဲ့1-2%ထက်ပိုပြီးအဆုံးရှုံးမခံသင့်ပါဘူး။ အောက်က ဇယားလေးကိုတစ်ချက်လောက်ကြည့်လိုက်ပါ။ ထရိတ်ဒါနှစ်ယောက်လုံးစီမှာ တစ်ယောက်ကို $20,000စီအညီအမျှရှိနေပါတယ်။ ပထမလူက တစ်ခါထရိတ်တိုင်း risksယူတာ အရင်းရဲ့ 2%ကိုသာယူပြီး ဒုတိယလူကတော့ ထရိတ်တစ်ခါလုပ်တိုင်း 10%ယူပါတယ်။ တကယ်လို့ သူတို့နှစ်ယောက်လုံးသာ ထရိတ် ဆယ်ခါရှုံးခဲ့မယ်ဆိုရင် ပထမတစ်ယောက်က $16,675လက်ထဲကျန်နေပါဦးမယ်။ ဒုတိယတစ်ယောက်ကတော့ $7,748သာ လက်ထဲကျန်တော့မှာဖြစ်ပါတယ်။

RM2.png

Leverage နှင့် Margin

Forex ဘရုတ်ကာတွေဟာ ထရိတ်ဒါတွေကို သူတို့အကောင့်ထဲမှာရှိတဲ့ ငွေပမာဏထက်ပိုတဲ့ ပမာဏကိုထရိတ်ဖို့အခွင့်အရေးပေးပါတယ်။ ဒါကိုတော့ margin အခြေခံ ထရိတ်ခြင်းလို့ခေါ်ပါတယ်။ margin ဆိုတာ သင့်အကောင့်ထဲမှာရှိတဲ့ ငွေပမာဏကိုပြောတာဖြစ်ပြီး ထိုပမာဏကိုအခြေခံပြီး ထိုထက်ပိုများတဲ့ ငွေကိုအသုံးချရမှာ အသုံးပြုပါတယ်။ တစ်နည်းပြောရရင် သင့်အကောင့်ထဲကငွေထက်ပိုများတဲ့ ငွေနှင့်ထရိတ်နိုင်ရန် ချေးငွေအတွက် အာမခံအခံငွေဖြစ်ပါတယ်။
beginner တွေအတွက်ပြောခဲ့တဲ့သင်ခန်းစာမှာ ဖော်ပြခဲ့သလိုပါဘဲ Forex ဘရုတ်ကာက margin အတွက်လိုအပ်တဲ့ပမာဏကို ထရိတ်ဒါတွေအတွက်သတ်မှတ်ပေးပါတယ်။ အများအားဖြင့် margin ဟာ လက်ရှိ ရှိနေတဲ့ငွေပမာဏရဲ့ ၁% ကနေ ၂% နဲ့ညီမျှပါတယ်။ ၁% margin ကို 100:1 leverage လို့ခေါ်ပါတယ်။
Leverage = Purchase Power(အ၀ယ်အား) / Capital Invested (မြှုပ်နှံထားသောအရင်း)
ဥပမာ သင် ယူရို/ဒေါ်လာ(၁၀၀၀၀၀$) သာမာန် Lot တစ်ခုကို သင့်ငွေ ၁၀၀၀ ထဲနဲ့ ထရိတ်တဲ့အခါ သင်ဟာ 1:100 leverage ကိုအသုံးချပြီးထရိတ်နေတာကို ဆိုလိုပါတယ်။ နောက်တစ်နည်းပြောရရင် သင် တစ်ဒေါ်လာ အကောင့်ထဲမှာရှိတိုင်း ဒေါ်လာ ၁၀၀ တန်ကြေးရှိတဲ့ ထရိတ်တစ်ခုကို လုပ်နိုင်ပါတယ်။ Forex ဈေးကွက်မှာဆိုရင် ထရိတ်ဒါတွေဟာ leverage 50:1, 100:1, 200:1 အပြင် ထို့ထက်မြင့်တဲ့နှုန်းတွေကို ဘရုတ်ကာရဲ့ သတ်မှတ်ချက်တွေအပေါ်လိုက်ပြီး အသုံးပြု ထရိတ်ကြပါတယ်။ leverage မြင့်မြင့်တွေကိုအသုံးချနိုင်ခြင်းက Forex ကိုထခြားဈေးကွက်တွေနဲ့ မတူဘဲ ထူးခြားနေစေတာပါ။ 
အောက်ကဇယားမှာ leverage အမျိုးမျိုးကိုကြည့်ရှုနိုင်ပါတယ်။ leverage အမျိုးမျိုးနဲ့ အ၀ယ်အားအမျိုးမျိုးရနိုင်ပြီး အကျိုးအမြတ်ပမာဏလည်းသတ်မှတ်ပေးထားပါတယ်။

RM3.jpg

နောက်ဥပမာတစ်ခုကိုလေ့လာကြည့်ရအောင်။ အကယ်၍ သင်က ဒေါ်လာ ၁၀၀၀ ကို leverage 100:1 နဲ့ထရိတ်တယ်ဆိုပါဆို သင် ဒေါ်လာ ၁၀၀၀၀၀ တန်ဖိုးရှိတဲ့ position ကိုဖွင့်နိုင်ပါမယ်။ ဒီအခြေအနေမှာဆို ဒေါ်လာ ၁၀၀၀ မြတ်ပါက ဒါဟာ သင့်အတွက် ၁၀၀% အမြတ်ပါ။ အကယ်၍ သင်က leverage ကိုအသုံးမပြုဘဲ ထရိတ်ပြီး ၁၀၀၀ $ မြတ်ရဖို့ဆို သင့်အကောင့်ထဲမှာ ဒေါ်လာ ၁၀၀၀၀၀ ရှိကိုရှိရတော့မှာပါ။ သင့်ရဲ့ အမြတ် ရာခိုင်နှုန်းက နည်းသွားပါတယ် (၁၀၀၀ / ၁၀၀၀၀၀ = ၁ % ပါ)။ အရှုံးလည်းအတူတူပါပဲ။ leverage က အရှုံးများစေပါတယ်။

RM4.png

ဒီ leverage ကပေးနိုင်တဲ့ ကောင်းကျိုးတွေရှိသော်လည်း ထရိတ်ဒါက အရမ်းဂရုစိုက်ရမယ်ဆိုတာ သင်မြင်မှာပါ။ Leverage က နှစ်ဖက်ချွန်ဓါးပါ။ သင်ရဲ့အကျိုးအမြတ်သာမက အရှုံးပမာဏကိုလည်း တိုးစေပါတယ်။ ရလာဒ်အနေနဲ့ Stop Loss ကိုသုံးဖို့ ကျွန်တော်တို့ အကြံပေးချင်ပါတယ်။ ထိုမှသာ သင် Leverage နဲ့ထရိတ်တဲ့အခါ သင့်ရဲ့ ဆုံးရှုံးမှုတွေကို ကာကွယ်နိုင်မှာပါ။
margin level လို့ခေါ်တဲ့အရာလေးကို အာရုံတစ်ချက်လောက်ပေးပါ။ ထို levelဟာ သင့်အကောင့်ထဲကငွေကနေ လိုက်နိုင်မဲ့ margin ပမာဏနှုန်းကိုဖော်ပြတာပါ။ ထိုဟာက သင့်ရဲ့ထရိတ်ဒင်းရလာဒ်က ဘယ်လောက် အတက်အကျဖြစ်နိုင်တယ်ဆိုတာကို ဖော်ပြပေးနေတဲ့အရာပါ။ သင့်ရဲ့ margin level နည်းလေ သင့်ပိုင်ဆိုင်ထားတဲ့ငွေတန်းဖိုး အတက်အကျများများဖြစ်နိုင်လေပါ။ အကယ်၍ သင့်ရဲ့ margin level က ၅၀၀% ထက်နည်းမယ်ဆို သင်က စွန့်စားမှုတွေအများကြီးယူနေတာကို ပြောနေတာပါ။

RM5.png

အရှုံး/အနိုင် အချိုး

အရှုံး/အနိုင် အချိုးဟာ သင်အရှုံးနဲ့ရင်ဆိုင်ခဲ့ရင် သင်ယူထားတဲ့ စွန့်စားမှုပမာဏအပေါ်လိုက်ပြီး သင်ရမဲ့ အမြတ်ပမာဏကိုဆိုလိုပါတယ်။ ရှင်းရှင်းလေးပြောရရင် သင့်ရဲ့ stop loss က ၁၀ pip နဲ့ညီပြီး take profit က ၅၀ pip ဖြစ်ရင် သင့်ရဲ့ အရှုံး/အနိုင်အချိုးက1:5 ပါ။
အရှုံး/အနိုင်အချိုးက သင်ထိန်းချုပ်နိုင်တဲ့အရာတစ်ခုပါ။ သင် အမြတ်များများရနိုင်ခြေများများရှိဖို့ဆိုရင် အရှုံထက် အနိုင်အချိုးများနေဖို့လိုပါတယ်။ အနိုင်အချိုးများလေလေ အရှုံးထရိတ်များများကို သင်ခံနိုင်ရည်ရှိပါမယ်။ အကယ်၍ သင့်မှာ အရှုံး/အနိုင်အချိုးက 1:5 ရှိရင် အောင်မြင်တဲ့ ထရိတ်တစ်ခုက အရှုံးထရိတ် ၅ခု စာနဲ့ ညီမျှနေပါမယ်။
အရှုံး/အနိုင် အချိုးက သင့်ရဲ့ ထရိတ်ဒင်းစတိုင်နဲ့ ဈေးကွက်အခြေအနေ (အတက်အကျပမာဏ၊ ဈေးကွက်တည်ရှိတဲ့အခြေအနေ- ထရမ်းလိုင်း/range အကွာအဝေး) ပေါ် မှုတည်နေပါတယ်။ လုံးဝမှန်ကန်ကောင်းမွန်နေတဲ့ အဖြေဆိုတာမရှိပါဘူး။ အနိုင်အချိုးက အရှုံးအချိုး (risk ratio) ထက်များဖို့ ကျွန်ုပ်တို့မှ အကြံပေးချင်ပါတယ်။ ထရမ်းလိုင်းမှာ ထရိတ်တဲ့အခါ အရှုံး/အနိုင် က 1:2 သို့မဟုတ် 1:3 ဖြစ်နိုင်ပါတယ်။ သင်က level တစ်ခုရဲ့ ထိုးတက်/ကျမှုကနေ ဈေးကွက်ကိုဝင်တဲ့အခါ အရှုံး/အနိုင် အချိုးကို 1:4 သို့မဟုတ် 1:5 ကိုရွေးချယ်တာအကောင်းဆုံးပါ။ range အကွာအဝေးမှာထရိတ်တဲ့အခါ 1:1 က သင့်လျှော်တဲ့ ရွေးချယ်မှုပါ။

ခွဲထုတ်ခြင်း

ခွဲထုတ်ခြင်းဟာ ရင်းနှီးမြုပ်နှံခြင်းလုပ်ငန်းမှာ သော့ချက်ကျတဲ့ နည်းလမ်းတစ်ခုပါ။ သင်ရဲ့ငွေတွေကို တစ်ခါတည်း တစ်နေရာတည်း ပုံအောလိုက်စရာမလိုပါဘူး။ အကြောင်းက ထိုတစ်ခုတည်းလုပ်လိုက်လို့ အခြေအနေမကောင်းတဲ့အခါ သင်လုံးဝ အကုန်ဆုံးရှုံးသွားနိုင်လို့ပါ။ အဖြေကတော့ portfolio နည်းလမ်းကိုအသုံးချပြီး ငွေကြေးအတွဲအမျိုးမျိုးကို ထရိတ်ဖို့ပါဘဲ။ သင်ထိုငွေကြေးအတွဲတွေအကြောင်းကိုတော့ သိကိုသိနေရမှာတော့ အသေအချာပဲပေါ့။ ငွေကြေးအတွဲအမျိုးမျိုးမှာ ကိုယ်ပိုင်ထူးခြားမှုတွေရှိနေပါတယ်။ အစမ်းအကောင့်တစ်ခုမှာ စမ်းပြီး ထရိတ်ဖို့ကတော့ အကောင်းဆုံးပါပဲ။ ဒါမှသာ ထိုငွေကြေးအတွဲတွေရဲ့ သတင်းတွေအပေါ် တန်ပြန်သက်ရောက်မှုတွေကို နားလည်သဘောပေါက်နိုင်မှာပါ။
ငွေကြေးတွေရဲ့ ဆက်သွယ်မှုတွေကို သတိထားပါ။ ဥပမာ  EUR/USD နဲ့ USD/CHF မှာ ပြောင်းပြန်ဆန့်ကျင်မှုအနေနဲ့ တော်တော်များများဆယ်နွယ်မှုရှိပါတယ်။ အကယ်၍ သင်က EUR/USD ကိုရောင်းပြီး နဲ့ USD/CHF ကိုဝယ်ရင် သင်က USD ဒေါ်လာ ကို နှစ်ကြိမ်ပတ်သက်မှုရှိနေပါပြီ။ ဒါက USD lot ၂ခုဖွင့်ဝယ်တာနဲ့ အတူတူပါပဲ။ USD ကျရင် သင်ရဲ့ ထရိတ်တွေအားလုံး အရှုံးနဲ့ ရင်ဆိုင်ရတော့မှာပါ။

RM6.png

အစီအစဉ်အတိုင်းလုပ်ပါ

ထရိတ်ဒင်းမှာ စွန့်စားမှုတွေကိုဖြစ်စေတာကတော့ စိတ်ခံယူချက်မှားယွင်းစွာဖြင့်လုပ်ဆောင်ခြင်းပါပဲ။ အားနည်းချက်တွေ၊ ဆုံးရှုံးမှုတွေကတော့ ဖြစ်လေ့ရှိပါတယ်။ ဘယ်ထရိတ်က ကောင်းသွားမယ် ဘယ်တစ်ခုက မကောင်းသွားမယ်ဆိုတာကို သင်မလုပ်နိုင်ပါဘူး။ သင်လုပ်နေတာကို ကောင်းကောင်းနားမလည်တဲ့အခါနဲ့ သင့်ရဲ့ထရိတ်ဒင်းအစီအစဉ်ကနေသွေဖယ်သွားတဲ့အခါ စွန့်စားမှုတွေရှိနေပါတယ်။ 
ထရိတ်ဒင်းအစီအစဉ်က အရမ်းကို ပုဂ္ဂလိကဆန်ပါတယ်။ ထရိတ်ဒါတွေဟာ ကိုယ့်အကြိုက်အလိုက် ထရိတ်ဒင်းအစီအစဉ်ရှိဖို့လိုအပ်ပါတယ်။ ထိုအစီအစဉ်မှာ သင့်ရဲ့ ကိုယ်ပိုင်မျှော်လင့်ချက်တွေ၊ စွန့်စားမှု စီမံခန့်ခွဲမှုစည်းမျဉ်းတွေနဲ့ ထရိတ်ဒင်းစနစ်တွေပါဝင်သင့်ပါတယ်။ ဘင်ဂျမင် ဖရန့်ကလင် (ဒါမှမဟုတ် အခြားတစ်ယောက်) ပြောသလို 'အစီအစဉ်ရှိဖို့ ကျဆုံးခြင်းက ကျရှုံးဖို့ အစီအစဉ်ဆွဲနေသလိုပါပဲ' တဲ့။ 
အစီအစဉ်တစ်ခုရှိခြင်းက သင်ရဲ့ အတွေးစိတ်ကူးတွေ စုစည်းဖို့၊ သင့်ရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်ဖို့နဲ့ ပြာယာခတ်ပြီးချတဲ့ ဆုံးဖြတ်ချက်တွေကို ရှောင်ရှားနိုင်ဖို့ကူညီပေးနိုင်ပါတယ်။

အမြဲသင်ယူလေ့လာနေတဲ့ ထရိတ်ဒါတစ်ယောက်ဖြစ်လိုက်ပါ

ထရိတ်ဒင်းအကြောင်းနဲ့ ဈေးကွက်ဆန်းစစ်လေ့လာမှုအကြောင်းတွေကိုလေ့လာဖို့ အချိန်ပေးပါ။ ဆောင်းပါးတွေ၊ စာအုပ်တွေဖတ်၊ ဗီဒီယိုတွေကို ကြည့်ပြီး အင်တာနက်တွေ့ဆုံပွဲတွေနဲ့ အပြင်မှာရှိတဲ့ ပွဲတွေမှာ ပါဝင်တက်ရောက်ပါ။ ဈေးကွက်အကြောင်းဗဟုသုတပိုရှိလာခြင်းက မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေချခြင်းမှ ရှောင်ရှားနိုင်ဖို့ အကောင်းမွန်ဆုံး အာမခံချက်တစ်ခုပါပဲ။

နောက်ဆုံးရ သတင်းများ

ငွေကြေးဖောင်းပွမှုဒေတာကိုကြည့်ပြီး ဗြိတိန်ပေါင်ရောင်းဝယ်ပါ

ဗြိတိန်စားသုံးသူ ဈေးနှုန်းအညွှန်းကိန်း (CPI)အဆင့်အား ဇန်နဝါရီ ၁၆၊ ၁၁:၃၀ MTအချိန်တွင် ထုတ်ပြန်ပါမည်။

USD ရောင်းဝယ်ရန် အခွင့်အရေးယူပါ

အမေရိကန် PPI၏ အဆင့်အား ဇန်နဝါရီ ၁၅၊ ၁၅:၃၀ MTအချိန်တွင် ထုတ်ပြန်ပါမည်။

စီးပွားရေးအညွှန်းကိန်းများတွင် ဗြိတိန်ပေါင်ရောင်းဝယ်ပါ

ဗြိတိန် GDP အဆင့်များနှင့် ကုန်ထုတ်လုပ်မှုထုတ်ကုန်များအား ဇန်နဝါရီ ၁၁၊ ၁၁:၃၀ MTအချိန်တွင်ထုတ်ပြန်ပါမည်။

သင်၏ပြည်တွင်းငွေကြေးစနစ်ဖြင့်ငွေသွင်းရန်

ဖုန်းပြန်ခေါ်ပေးမည်

မကြာမီ မန်နေဂျာမှ လူကြီးမင်း၏ ဖုန်းကိုပြန်ခေါ်ရန်။

နံပါတ် ပြင်ပါ

လူကြီးမင်း၏လျှောက်လွှာကို လက်ခံပြီးဖြစ်ပါသည်

မကြာမီ မန်နေဂျာမှ လူကြီးမင်း၏ ဖုန်းကိုပြန်ခေါ်ရန်။

အတွင်းပိုင်းတစ်ခုခုအမှားအယွင်းဖြစ်နေသည်။ ကျေးဇူးပြု၍ နောက်တစ်ကြိမ်ထပ်မံကြိုးစားကြည့်ပါ။

စတင်လေ့လာသူများအတွက် Forexစာအုပ်

စတင်ရောင်းဝယ်ရာတွင် လိုအပ်သည့် အရေးအကြီးဆုံးအရာ
သင့်အီးမေးလ်ကို ထည့်သွင်းလိုက်ပါ. Forex လမ်းညွှန်စာအုပ်ကို သင့်ထံအခမဲ့ ပေးပို့ပေးသွားပါမည်

ကျေးဇူးပါ!

သင့်အီးမေးလ်ထံ လင့်ခ်ပို့ပေးလိုက်ပါပြီ.
ထိုအီးမေးလ်အား ကလစ်နှိပ်ကာ သင့်အီးမေးလ်လိပ်စာကိုအတည်ပြုပြီး စတင်လေ့လာနေသူများအတွက် Forex လမ်းညွှန်စာအုပ်ကို အခမဲ့ရယူလိုက်ပါ.

သင်ဟာ ဘရောက်ဇာ ဗားရှင်းအဟောင်းကိုသုံးနေတာ ဖြစ်ပါတယ်.

အောင်မြင်မှုပိုရဖို့ နှင့် အရောင်းအ၀ယ် အတွေ့ အကြုံတွေရပြီး လုံခြုံမှုရှိဖို့အတွက် အဆင့်မြှင့်တင်လိုက်ပါ သို့မဟုတ် အခြားတစ်ခုကို သုံးပါ.

Safari Chrome Firefox Opera