ရက်ပိုင်းအတွင်း ရောင်းဝယ်ခြင်း

ရက်ပိုင်းအတွင်း ရောင်းဝယ်ခြင်း

ဒီနည်းကတော့ နောက်ထပ် အချိန်တိုအတွင်းထရိတ်တဲ့ စတိုင်တစ်ခုပါ. ဒီနည်းနဲ့ရောင်းဝယ်တဲ့သူတစ်ယာက်ဟာ တစ်ရက်အတွင်း အော်ဒါဖွင့်ရောင်းဝယ်ကြပြီး တစ်ရက်ကုန်သွားတာနဲ့ အော်ဒါကို တန်းပိတ်ပစ်ကြတဲ့သူတွေပါ.

ဒီထရိတ်ဒါတွေရဲ့ အဓိကရည်ရွယ်ချက်တော့ အော်ဒါတွေကို ရက်ကျော်အောင် ညသိပ်မထားဖို့ရယ် တစ်ရက်အတွင်း အမြတ်ရယူနိုင်ဖို့ပါပဲ.

ဒီစတိုင်ကိုတော့ တစ်နေ့လုံးအချိန်အားပြီး တစ်နေ့တာဈေးကွက်အတွင်း ဖြစ်ပျက်နေတာတွေကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး အမြတ်အစွန်းရအောင် အရောင်းအဝယ်လုပ်နိုင်တဲ့ FXထရိတ်ဒါတွေအတွက် အကောင်းဆုံး ထရိတ်ဒင်းစတိုင်တစ်ခုပါ. အပေါ်မှာပြောခဲ့တဲ့ scalpingနည်းက အရမ်းမြန်လွန်းပြီး swingထရိတ်ဒင်းဆိုတဲ့ ရေရှည်စောင့်ကြည့်ထရိတ်ရတဲ့နည်းက ကြာလွန်းလို့ မကြိုက်ဘူးဆိုရင်တော့ မိတ်ဆွေက အခုပြောနေတဲ့ ဒေးထရိတ်ဒင်းနည်းနဲ့ အသင့်လျော်ဆုံးပါ.

ဒေးထရိတ်ဒါတစ်ယောက်အနေနဲ့ အင်ဒီကေတာ အမျိုးမျိုးနဲ့ တခြား technical toolတွေကို သုံးတတ်ပြီး လေ့လာသုံးသပ် ဆန်းစစ်နိုင်တဲ့ စွမ်းရည်တွေ စကေးတွေ ရှိထားသင့်ပါတယ်. FAပိုင်းနဲ့ပက်သက်တာတွေကို သုံးသပ်နိုင်ဖို့အတွက် စီးပွားရေးနဲ့ ဈေးကွက်ပညာတွေ ဗဟုသုတတွေ ရှိကိုရှိထားသင့်ပါသေးတယ်. ဒီနည်းနဲ့အရောင်းအဝယ်လုပ်တဲ့သူဟာ တစ်နေ့တာကုန်ဆုံးတဲ့အချိန်မှာ ဖွင့်ထားတဲ့အော်ဒါတွေကို အမြတ်အများဆုံးနဲ့ ပိတ်နိုင်မယ့် နည်းဗျူဟာလဲရှိထားရပါမယ်.

ဒေးထရိတ်ဒါတွေဟာ တစ်နေ့တာအတွင်း ခဏခဏရောင်းဝယ်နေရ အော်ဒါဖွင့်နေရတာဖြစ်တဲ့အတွက် အကျိုးဆောင်ပွဲစားကိုပေးရတဲ့ spreadသက်သာစေမယ့် ငွေဖြစ်လွယ်စေမယ့် အတွဲတွေကိုသာ ထရိတ်လေ့ရှိကြပါတယ်.

ဒီစတိုင်နဲ့ရောင်းဝယ်တဲ့ ထရိတ်ဒါ

Martin-S.-Schwartz.png

နာမည်ကျော် ဒေးထရိတ်ဒါကိုပြပါဆိုရင် Martin S. Schwartz ကိုပြရမှာပါ. သူဟာဆိုရင် အလွန်ထက်မြက်ပြီး အလွန်ငွေရှာတော်ပါတယ်. Pit Bullဆိုပြီးတော့လဲ နာမည်ကြီးပါသေးတယ်. ၁၉၈၄ခုနှစ် အမေရိကန် ရင်းနှီးမြှပ်နှံမှု ချန်ပီယံရှစ်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့အချိန်ကစပြီး လူသိများလာခဲ့သူဖြစ်ပါတယ်. သူ့ရဲ့ ဒေးထရိတ်ဒင်းစတိုင်က အဲ့ခေတ်အဲ့အခါတုန်းက တကယ့်ကို ပြိုင်စံရှားဖြစ်ခဲ့တာပါ. သူဟာဆိုရင် အော်ဒါတစ်ခုကို ဘယ်တော့မှ အကြာကြီးမထားတတ်ပါဘူး. သူရောင်းဝယ်တော့မယ်ဆိုရင် တက်ကနစ်ကယ် အင်ဒီကေတာတွေရယ် စီးပွားရေးဆိုင်ရာထုတ်ပြန်ချက်တွေနဲ့ အခြားသော Fa ဆန်းစစ်ချက်တွေကိုကြည့်ပြီး သုံးသပ်ပြီး ရောင်းဝယ်လေ့ရှိပါတယ်.

သတင်းတွေနဲ့ အခြား FAဒေတာတွေပေါ်လာတဲ့အခါ ထရိတ်ဒါအများစုက ဖြစ်လာတဲ့ကိန်းဂဏန်းတွေ စာရင်းအချက်အလက် အတက်အကျတွေကိုသာ အာရုံစိုက်လေ့ရှိတတ်ကြပါတယ်. ဈေးကွက်က သူတို့ထင်သလိုမဖြစ်လာတဲ့အခါကျမှသာ ဘာကြောင့်ပါလိမ့်ဆိုပြီး တအံ့တသြမေးခွန်းထုတ် ခေါင်းကုတ်တတ်တဲ့သူတွေက ခပ်များများဖြစ်ပါတယ်. Marty Schwartzပြောတာကတော့ စီးပွားရေးထုတ်ပြန်ချက်တွေ သတင်းတွေမှာ စာလုံးမဲမဲကြီးတွေနဲ့ ပြူးတူးပြဲတဲ အရေးတကြီးဖော်ပြထားတာတွေကို ခေါင်းထဲသိပ်မထည့်ဘဲ ဒီသတင်းတွေ ဒီဒေတာတွေထွက်ပြီးတဲ့နောက်ပိုင်း ဈေးကွက်ကလူတွေ ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာကိုသာ သေချာသုံးသပ်သင့်တယ်လို့ ဆိုပါတယ်. Martyပြောတာကတော့ ထရိတ်ဒါတွေဟာ သူတို့ရဲ့ အတွေးအကြံတွေ ခန့်မှန်းထားတာတွေနဲ့ ဈေးကွက်ကပြောတာတွေကို မေ့သင်သလောက် မေ့ထားရပါမယ်. ဘာဖြစ်လို့လဆြိုရင် ထရိတ်ရတဲ့ရည်ရွယ်ချက်က ခန့်မှန်းတာ ဖြေမှန်မမှန်တိုက်ကြည့်ဖို့ထက် အမြတ်ရဖို့က အဓိကမို့လို့ပါ.

ဒေးထရိတ်ဒါတွေဟာ ဈေးကွက်ဦးတည်ရာကို ခန့်မှန်းနိုင်ဖို့အတွက် တက်ကနီကယ် အင်ဒီကေတာတွေကို အသုံးပြုလေ့ရှိကြပါတယ်. Martyအကြိုက်ဆုံး ဈေးကွက်သုံးသပ်တဲ့နေရာမှာ သုံးတဲ့ toolကတော့ 10-period (EMA) ပဲဖြစ်ပါတယ်. ဒီနည်းပညာအထောက်အကူ toolဟာဆိုရင် အချိန်တိုအတွင်းဈေးကွက်မှာ ဖြစ်ပေါ်နေတဲ့ အတက်အကျအခြေအနေတွေကို ဖော်ပြပေးနိုင်တာကြောင့် Martyတို့လို ထရိတ်ဒါတွေအတွက် အလွန်အသုံးဝင်တဲ့ toolတစ်ခုပဲ ဖြစ်ပါတယ်.

နောက်ဆုံးရ သတင်းများ

ငွေကြေးဖောင်းပွမှုဒေတာကိုကြည့်ပြီး ဗြိတိန်ပေါင်ရောင်းဝယ်ပါ

ဗြိတိန်စားသုံးသူ ဈေးနှုန်းအညွှန်းကိန်း (CPI)အဆင့်အား ဇန်နဝါရီ ၁၆၊ ၁၁:၃၀ MTအချိန်တွင် ထုတ်ပြန်ပါမည်။

USD ရောင်းဝယ်ရန် အခွင့်အရေးယူပါ

အမေရိကန် PPI၏ အဆင့်အား ဇန်နဝါရီ ၁၅၊ ၁၅:၃၀ MTအချိန်တွင် ထုတ်ပြန်ပါမည်။

စီးပွားရေးအညွှန်းကိန်းများတွင် ဗြိတိန်ပေါင်ရောင်းဝယ်ပါ

ဗြိတိန် GDP အဆင့်များနှင့် ကုန်ထုတ်လုပ်မှုထုတ်ကုန်များအား ဇန်နဝါရီ ၁၁၊ ၁၁:၃၀ MTအချိန်တွင်ထုတ်ပြန်ပါမည်။

သင်၏ပြည်တွင်းငွေကြေးစနစ်ဖြင့်ငွေသွင်းရန်

ဖုန်းပြန်ခေါ်ပေးမည်

မကြာမီ မန်နေဂျာမှ လူကြီးမင်း၏ ဖုန်းကိုပြန်ခေါ်ရန်။

နံပါတ် ပြင်ပါ

လူကြီးမင်း၏လျှောက်လွှာကို လက်ခံပြီးဖြစ်ပါသည်

မကြာမီ မန်နေဂျာမှ လူကြီးမင်း၏ ဖုန်းကိုပြန်ခေါ်ရန်။

အတွင်းပိုင်းတစ်ခုခုအမှားအယွင်းဖြစ်နေသည်။ ကျေးဇူးပြု၍ နောက်တစ်ကြိမ်ထပ်မံကြိုးစားကြည့်ပါ။

စတင်လေ့လာသူများအတွက် Forexစာအုပ်

စတင်ရောင်းဝယ်ရာတွင် လိုအပ်သည့် အရေးအကြီးဆုံးအရာ
သင့်အီးမေးလ်ကို ထည့်သွင်းလိုက်ပါ. Forex လမ်းညွှန်စာအုပ်ကို သင့်ထံအခမဲ့ ပေးပို့ပေးသွားပါမည်

ကျေးဇူးပါ!

သင့်အီးမေးလ်ထံ လင့်ခ်ပို့ပေးလိုက်ပါပြီ.
ထိုအီးမေးလ်အား ကလစ်နှိပ်ကာ သင့်အီးမေးလ်လိပ်စာကိုအတည်ပြုပြီး စတင်လေ့လာနေသူများအတွက် Forex လမ်းညွှန်စာအုပ်ကို အခမဲ့ရယူလိုက်ပါ.

သင်ဟာ ဘရောက်ဇာ ဗားရှင်းအဟောင်းကိုသုံးနေတာ ဖြစ်ပါတယ်.

အောင်မြင်မှုပိုရဖို့ နှင့် အရောင်းအ၀ယ် အတွေ့ အကြုံတွေရပြီး လုံခြုံမှုရှိဖို့အတွက် အဆင့်မြှင့်တင်လိုက်ပါ သို့မဟုတ် အခြားတစ်ခုကို သုံးပါ.

Safari Chrome Firefox Opera