ထရိတ်ဒါတိုင်းသိသင့်သည့် တက်ကနီကယ် အင်ဒီကေတာ

ထရိတ်ဒါတိုင်းသိသင့်သည့် တက်ကနီကယ် အင်ဒီကေတာ

ဘ၀မှာ အောင်မြင်မှုရဖို့ဆိုရင် ပညာဗဟုသုတ ရှိထားဖို့ အရေးကြီးပါတယ် - ဒီစကားက Forexထရိတ်ဒင်းမှာဆိုရင် ပိုတောင်အရေးပါပါတယ်. ထရိတ်ဒါတစ်ယောက်အနေနဲ့ အောင်မြင်ချင်တယ်ဆိုရင် တက်ကနီကယ် Ta သုံးသပ်နည်းစနစ်တွေကို သင်ယူလေ့လ့ာထားဖို့ လိုကိုလိုအပ်ပါတယ်. Ta သုံးသပ်တဲ့နေရာမှာ အရေးပါဆုံးက တက်ကနီကယ် အင်ဒီကေတာတွေပဲ ဖြစ်ပါတယ်.
ဒီလိုလေ့လာတဲ့နေရာမှာ အခက်အခဲတစ်ခုက တက်ကနီကယ်အင်ဒီကေတာတွေရဲ့ နာမည်တွေက စိမ်းနေပြီး ထူးဆန်းနေတာပါ. ဥပမာ, MACD, RSI သို့ Stochasticတို့တွေပဲဖြစ်ပါတယ်. ဒါပေမယ့် ခက်လိုက်တာဆိုပြီး ဆုံးဖြတ်တာမစောလိုက်ပါနဲ့. အားလုံးရှင်းသွားအောင် ပေါ်ပြူလာဖြစ်တဲ့ တက်ကနီကယ်အင်ဒီကေတာတွေအကြောင်းကို ရိုးရိုးလေး ရှင်းပြပေးသွားပါမယ်. သူတို့ကို ဘယ်လိုသုံးရမလဲဆိုတာကို နားလည်သွားစေရပါမယ်. စိတ်ဝင်စားပါသလား?

စလိုက်ကြရ အောင် !

cat.jpg

Forexထရိတ်ဒါများအတွက် အကောင်းဆုံး တက်ကနီကယ် အင်ဒီကေတာများ

တက်ကနီကယ်အင်ဒီကေတာတွေကို သူတို့ကိုတီထွင်ထားရတဲ့ရည်ရွယ်ချက်အလိုက် အသုံးဝင်ပုံအလိုက် ဂရုတွေအများကြီး ခွဲထားကြပါတယ်. အင်ဒီကေတာတစ်ခုချင်းစီရဲ့ ရည်ရွယ်ချက်ကမတူတာကြောင့် ထရိတ်ဒါတစ်ယောက်အနေနဲ့ ထရိတ်လုပ်တဲ့နေရာမှာ အင်ဒီကေတာတစ်ခုတည်းနဲ့မလုံလောက်နိုင်ဘဲ အင်ဒီကေတာတွေကို ပေါင်းစပ်အသုံးပြုရမှာဖြစ်ပါတယ်. ဒီဆောင်းပါးထဲမှာတော့ ပေါ်ပြူလာအဖြစ်ဆုံး တက်ကနီကယ်အင်ဒီကေတာ ၃ခုအကြောင်း ပြောပြပေးသွားမှာပါ.

၁. Moving Average - ထရန်းကိုကြည့်နိုင်သည့် အင်ဒီကေတာတစ်ခု

Moving Average (MA) ဆိုတာထရန်းအင်ဒီကေတာတစ်ခုပါ. ထရန်းကိုလိုက်နိုင်အောင် ခွဲခြားနိုင်အောင် သုံးနိုင်ပါတယ်.
Moving Averageရဲ့ ကောင်းတဲ့အချက်များ:

• ထရန်းတစ်ခုရဲ့ ဦးတည်ရာကို ကြည့်ရှုနိုင်;

• ထရန်းပြောင်းမယ့်နေရာကို ရှာနိုင်;

• ယာယီ စပို့နဲ့ ရီစစ်စတန့်လယ်ဗယ်တွေကို ပြပေးနိုင်.

Moving Averageရဲ့ အားနဲချက်များ:
• လက်ရှိဈေးနှုန်းထက် နောက်ကျခြင်း (ထရန်းအင်ဒီကေတာက အရင်ဖြစ်ခဲ့တဲ့ဈေးအပေါ်အခြေခံတွက်ချက်တာ ဖြစ်တာကြောင့် လက်ရှိ ဈေးနှုန်းchartထက် နှေးနေ နောက်ကျနေတတ်ပါတယ်).
အကြံပြုချက်များ:

• ထရိတ်ဒါတော်တော်များများသုံးကြတဲ့ Simple Moving Averageလိုင်းကို အသုံးပြုဖို့ အကြံပြုလိုပါတယ်.

• MAမှာ အသုံးအများဆုံး အချိန်ပိုင်းတွေက 200, 100, 50 နဲ့ 20. ရက်-200 MAတွေပါ. ရက် ၂၀၀စာက ရေရှည် "ဖြစ်ခဲ့တဲ့"ထရန်းလမ်းကြောင်းတွေကို ကြည့်လို့ရနိုင်စေပါတယ်. ရက်-20 MAကတော့ - ရေတိုရက်တိုထရန်းတွေကို ကြည့်လို့ရနိုင်စေပါတယ်.

ဘယ်လိုဖတ်ရမလဲ
အတိုချုပ်ပြောရမယ်ဆိုရင်, ငွေကြေးအတွဲတစ်ခုရဲ့ လက်ရှိဈေးက MAရဲ့ အထက်မှာရှိရင် အတက်ထရန်းဖြစ်ပြီး - အောက်မှာရှိနေရင်တော့ အကျထရန်းပါ. နောက်ထပ်ပြောရရင် မတူညီတဲ့ Moving Averagesအချိန်ပိုင်းတွေ တစ်ခုနဲ့တစ်ခု ဘယ်လိုပုံစံဖြစ်နေလဲ တူနေလား ကွာခြားနေသလားဆိုတာကိုလဲ ကြည့်သင့်ပါတယ်.
ကာလတို MA (ဥပမာ. ရက်-50) စာက ကာလရှည်MA (ဥပမာ. ရက်-100)စာရဲ့ အထက်မှာရှိနေရင် အတက်ထရန်းဆိုတာ သေချာပါပြီ. အပြန်အလှန်အားဖြင့်တော့ ကာလတိုMAက ကာလရှည်MAရဲ့အောက်မှာရှိနေရင် အကျထရန်းဆိုတာ ကွန်ဖန်းဖြစ်ပါပြီ.
နိဂုံးချုပ်
Moving Averageအင်ဒီကေတာက ငွေကြေးအတွဲတစ်ခုကို ရောင်းရမလား၊ ၀ယ်ရမလားဆိုတာကို ပြသပေးနိုင်ပါတယ် (အတက်ထရန်းမှာ ၀ယ်ပြီး၊ အကျထရန်းမှာ ရောင်း). ဒါပေမယ့် ဘယ်နေရာမှာ စထရိတ်ရမယ်ဆိုတာကိုတော့ MAက မပြပေးနိုင်ပါဘူး (ဒီလိုကြည့်နိုင်ဖို့အတွက် တခြားအင်ဒီကေတာတွေလိုပါလိမ့်မယ်). ဒါကြောင့် နိဂုံးချုပ်ပြောရမယ်ဆိုရင် ထရန်းအင်ဒီကေတာကိုသုံးတာက TAသုံးသပ်နည်းရဲ့ ပထမဆုံးခြေလှမ်းတစ်ခုပါ.

MA1.png

၂. Bollinger Bands – အတက်အကျကြမ်းခြင်းကို တိုင်းတာနိုင်တဲ့ အင်ဒီကေတာတစ်ခု

Bollinger Bandsတွေက ဈေးကွက်ရဲ့ အတက်အကျလှုပ်ရှားမှု ကြမ်းတမ်းမှုပမာဏကို ပြသပေးနိုင်ပါတယ် (ဥပမာ. ထရိတ်ဒင်းဈေးတန်းတစ်ခုရဲ့ ပြောင်းလဲရွေ့လျားမှု ပမာဏ).

Bollinger Bandsရဲ့ ကောင်းကွက်များ:

• ဘေးတိုက်သွားနေတဲ့မားကတ်တစ်ခုမှာ အလွန်အသုံးဝင်တဲ့ အင်ဒီကေတာတစ်ခုပါ (ငွေကြေးအတွဲတစ်ခု ဈေးကွက်လှုပ်ရှားမှုများနေတဲ့အချိန်). ဒီလိုအချိန်မျိးတွေမှာ အင်ဒီကေတာရဲ့လိုင်းတွေကို ကြည့်ပြီး ဈေးကွက်ကို အ၀င်အထွက်လုပ်ရမယ့်နေရာတွေဖြစ်တဲ့ စပို့နဲ့ ရီစစ်စတန့်လယ်ဗယ်တွေကို သတ်မှတ်နိုင်မှာဖြစ်ပါတယ်.

Bollinger Bandsရဲ့ အားနည်းချက်များ:

• အားကောင်းနေတဲ့ ထရန်းတစ်ခုမှာ Bollingerလိုင်းတစ်ခုတည်းမှာ ဈေးနှုန်းကကြာနေတတ်ပြီး တခြားလိုင်းတစ်ခုကို မသွားတော့တာဖြစ်တဲ့အတွက် ထရန်းဖြစ်နေပြီးသား မားကတ်တွေမှာ Bollinger Bandsကို အသုံးမပြုဖို့ အကြံပြုလိုပါတယ်.

ဘယ်လို ဘာသာပြန်ရမလဲ ဈေးတန်းက အပေါ်bandလိုင်းတွေနဲ့ နီးလာလေလေ, ဒီငွေကြေးအတွဲကို အ၀ယ်လွန်နေတာ များလာလေလေပါ. ရှင်းအောင်ပြောရမယ်ဆိုရင် ဒီလိုအချိန်မျိုးမှာ ဈေးတန်းအစကတည်းက ထရိတ်ဒါတော်တော်များများက ကြိုဝင်ထားပြီး အမြတ်ယူပြီး အော်ဒါတွေကိုပိတ်ပြီးသွားကြပြီ ဖြစ်ပါတယ်. ဒီလို အ၀ယ်လွန်သွားချိန်မှာ ဈေးတန်းကတက်နေတာရပ်ပြီး ပြန်ကျတတ်ပါတယ်. ဈေးတန်းက အပေါ် bandရဲ့ အထက်ကိုရောက်သွားရင် ရောင်းရမယ့်ဆစ်ဂနယ်ဖြစ်ပြီး ဈေးတန်းက အောက်bandလိုင်းရဲ့ အောက်ကိုကျသွားရင်တော့ - ၀ယ်ရမယ့် အချိန်ပါ.
ဈေးကွက်လှုပ်ရှားမှုများနေတဲ့အချိန်မှာ bandsလိုင်းတွေက ပြန့်ကားသွားပြီး ၊ ဈေးကွက် တည်ငြိမ်သွားချိန်မှာ bandsတွေ လိုင်းတွေကကျဉ်းမြောင်းလာ ကျုံ့လာတာကိုတွေ့ရမှာ ဖြစ်ပါတယ်. အတက်အကျအလှုပ်အခတ်တွေက တစ်ခုပြီး တစ်ခုလိုက်လာတတ်ပါတယ်. ဒါကြောင့် ၊ bandsလိုင်းတွေ ကျဉ်းလာပြီးရင်လဲ ဈေးကွက်လှုပ်ခတ်မှုက ပြန်ပြီး ထိုးတက်လာတော့မယ်လို့ ကြိုတင်ခန့်မှန်းနိုင်ပါတယ်.

အကြံပြုချက်များ:

• တခြားအင်ဒီကေတာတစ်ခုခုကနေပြီး အတည်ပြုချက်မရသေးဘဲနဲ့ Bollinger Bandsကို မသုံးဖို့ အကြံပြုလိုပါတယ်. Bollinger bandsအင်ဒီကေတာကို ကန်ဒယ်စတစ်ပုံစံတွေ ထရန်းလိုင်းတွေနဲ့ တခြားဈေးနှုန်းလှုပ်ရှားမှုတွေကို ဆစ်ဂနယ်ရနိုင်ဖို့ အသုံးပြုနိုင်ပါတယ်.

နိဂုံးချုပ်
Bollinger Bandsအင်ဒီကေတာကို မားကတ်မှာ ထရန်းလမ်းကြောင်းပေါ်နေပြီးသားဆို မသုံးသင့်ပါ. ထရန်းဖြစ်နေပြီးသားအချိန်တွေမှာ ဒီအင်ဒီကေတာတစ်ခုတည်းကိုသုံးရင် မှားနိုင်ပါတယ်: တခြား အင်ဒီကေတာတွေနဲ့ တွဲပြီး သုံးသင့်ပါတယ်.

MA2.png

၃. MACD - မားကတ်ရဲ့ အဆင့်အဆင့်တွေကို ပြသပေးတဲ့ အင်ဒီကေတာတစ်ခုပါ

MACD (Moving Average Convergence/Divergence) ဆိုတာ ဈေးကွက်ရဲ့နောက်ကွယ်က တွန်းအားတွေကို တိုင်းတာပေးနိုင်တဲ့ အင်ဒီကေတာပါ. ဈေးကွက်က ဦးတည်ရာတစ်ခုတည်းကို သွားရတာ ပင်ပန်းသွားတဲ့အခါ (ပြန်ပြောင်းမှု) နားမယ့်နေရာတွေကို ပြပေးနိင်ပါတယ်.

ဘယ်လိုဖတ်ရမလဲ ၁. ကြမ်းကြမ်းတမ်းတမ်း အတက်/အကျ. ခပ်များများတက်ပြီးနောက် histogramဘားတွေက စပြီးကျဆင်းလာပြီဆိုရင် ရောင်းရပါမယ်. ခပ်များများကျပြီးနောက် histogramဘားတွေက စပြီးတက်လာရင်တော့ ၀ယ်ရပါတော့မယ်. ၂. histogramဘားနဲ့ ဆစ်ဂနယ်လိုင်းကြား ဖြတ်နေရင်တော့ ဈေးကွက်ကို ပိုပြီး တိတိကျကျခန့်မှန်းလို့ရနိုင်ပါပြီ. MACD-histogramက ဆစ်ဂနယ်လိုင်းအပေါ်ကို တက်နေရင် ၀ယ်ပါ. MACD-histogramက ဆစ်ဂနယ်လိုင်းအောက်ကို ကျနေရင် ရောင်းပါ. ၃. ဇီးရိုးလိုင်းက ပိုပြီး ကွန်ဖန်းအတည်ပြုလို့ရနိုင်တဲ့လိုင်းပါ. MACDလိုင်းတွေက ဇီးရိုးလိုင်းကို ဖြတ်တဲ့အချိန်မှာဆိုရင် ပိုအားကောင်းတဲ့ အတက်၊အကျဆစ်ဂနယ်တွေကို ပြပေးနိုင်ပါတယ်. MACD-histogramက ဇီးရိုးလိုင်းရဲ့ အပေါ်ကို ဖြတ်တက်သွားရင် ၀ယ်ပါ. ဇီးရိုးလိုင်းရဲ့အောက်ကိုဆင်းသွားရင် ရောင်းပါ. ဒီဂနယ်ကတော့ အရင်ဆစ်ဂနယ်တွေထက် အားပျော့တယ်ဆိုတာ မှတ်ထားပေးပါ. ၄. ခွဲဖြာထွက်မှုများ. ဈေးတန်းတစ်ခုက တက်ပြီး MACDလိုင်းက ကျနေတယ်ဆိုရင် တက်နေတဲ့အတက်တွေက ပြီးတော့မှာပါ. ဆန့်ကျင်ဘက်အားဖြင့် ဈေးတန်းတစ်ခုက ကျပြီး MACDလိုင်းက တက်နေတယ်ဆိုရင်တော့ အတက်အလှည့်က မကြာမီ လာတော့မှာပါ.

အကြံပြုချက်များ

• histogramလိုင်းနဲ့ ဆစ်ဂနယ်လိုင်းကြား ဖြတ်နေတဲ့ ခရော့အိုဗာတွေက MACDရဲ့ အကောင်းဆုံး ဆစ်ဂနယ်တွေပါ.

• MACD နဲ့ ဈေးတန်းကြား လိုင်းတွေ ခွဲဖြာထွက်နေရင်တော့: လာတော့မယ့် ဈေးတန်းရဲ့ အလှည့်အပြောင်းတွေကို အကောင်းဆုံး ပြသပေးနိုင်ပါတယ်.

MACDရဲ့ ကောင်းကွက်များ:

• MACDကို ထရန်းဖြစ်ပြီးသားမားကတ် ဒါမှမဟုတ် ဈေးအလှုပ်များနေတဲ့ ဘေးတိုက်သွားနေတဲ့မားကတ် နှစ်ခုလုံးမှာ အသုံးပြုနိုင်ပါတယ်.

• MACDကို နားလည်အသုံးပြုတတ်မယ်ဆိုရင် တခြားoscillatorsတို့လို: အသုံးပြုနည်း သဘောတရားတူညီတဲ့ အင်ဒီကေတာတွေကို သုံးတဲ့နေရာမှာ အဆင်ပြေလွယ်ကူသွားမှာဖြစ်ပါတယ်.

MACDရဲ့ အားနည်းချက်များ:

• ဒီအင်ဒီကေတာက လက်ရှိဖြစ်နေတဲ့ ဈေးနှုန်းchartထက် နောက်ကျနေတဲ့အတွက် ပြပေးတဲ့ ဆစ်ဂနယ်တွေက နောက်ကျမှလာတတ်တာက သူ့ရဲ့ အားနည်းချက်ပဲဖြစ်ပါတယ်.

နိဂုံးချုပ် သင့်ရဲ့ ဈေးနှုန်းဖော်ပြချက်ဇယား chartမှာ MACDရှိထားမယ်ဆိုရင် ထရန်းလမ်းကြောင်းကိုရော လှုပ်ရှားမှုအရှိန်ကိုပါ တိုင်းတာတွက်ချက်နိုင်မှာပါ. ဒီအင်ဒီကေတာက အားကောင်းတဲ့အင်ဒီကေတာတစ်ခုပါ. ဒါပေမယ့်လို့တော့ ရောင်းဝယ်တဲ့နေရာမှာ ဒီအင်ဒီကေတာတစ်ခုတည်းကို အားမကိုးဖို့တော့ အကြံပေးလိုပါတယ်.

MA3.png

ဒီ အခုပြောသွားတဲ့ အင်ဒီကေတာတွေကနေပြီး ဘာတွေသိရှိသင်ယူလေ့လာနိုင်ခဲ့ပါသလဲ

• တက်ကနီကယ် အင်ဒီကေတာတွေမှာ အားသားချက် အားနည်းချက်တွေ ကိုယ်စီရှိတတ်ကြပါတယ်.

• အင်ဒီကေတာတစ်ခုတည်းကနေ အားကောင်းခိုင်မာတဲ့ ထရိတ်ဒင်းဆစ်ဂနယ်တွေမရနိုင်ပါဘူး. အင်ဒီကေတာ ၂ခုကနေ-၄ခုလောက် ပေါင်းပြီး သုံးသင့်ပါတယ်.

တူညီသော

ခရစ္စမတ်အားလပ်ရက်များအတွင်း ရောင်းဝယ်ခြင်း

ခရစ္စမတ်အားလပ်ရက်များ နီးကပ်လာပြီဖြစ်သဖြင့်၊ အဓိကမေးခွန်း ရောင်းဝယ်သူတိုင်းထံတွင် ရှိလာပါပြီ: ဒီလိုအားလပ်ရက်ရှညများမှာ ရောင်းဝယ်ဖို့ဖြစ်နိုင်သလား?

ရွှေအရောင်းအဝယ် ဗျူဟာများ

အဝါရောင်သတ္တုသည် Forex ဈေးကွက်ရှိ အခြားကုန်စည်များ (သို့) ငွေကြေးအတွဲများကဲ့သို့ တူရာကိုရွေ့လျှားတတ်ခြင်းမဟုတ်သောကြောင့် ရွှေအရောင်းအဝယ်သည် အလွန်လွယ်ကူသော ခေါင်းစဉ်တော့မဟုတ်ပါ။

သင်၏ပြည်တွင်းငွေကြေးစနစ်ဖြင့်ငွေသွင်းရန်

ဖုန်းပြန်ခေါ်ပေးမည်

မကြာမီ မန်နေဂျာမှ လူကြီးမင်း၏ ဖုန်းကိုပြန်ခေါ်ရန်။

နံပါတ် ပြင်ပါ

လူကြီးမင်း၏လျှောက်လွှာကို လက်ခံပြီးဖြစ်ပါသည်

မကြာမီ မန်နေဂျာမှ လူကြီးမင်း၏ ဖုန်းကိုပြန်ခေါ်ရန်။

အတွင်းပိုင်းတစ်ခုခုအမှားအယွင်းဖြစ်နေသည်။ ကျေးဇူးပြု၍ နောက်တစ်ကြိမ်ထပ်မံကြိုးစားကြည့်ပါ။

စတင်လေ့လာသူများအတွက် Forexစာအုပ်

စတင်ရောင်းဝယ်ရာတွင် လိုအပ်သည့် အရေးအကြီးဆုံးအရာ
သင့်အီးမေးလ်ကို ထည့်သွင်းလိုက်ပါ. Forex လမ်းညွှန်စာအုပ်ကို သင့်ထံအခမဲ့ ပေးပို့ပေးသွားပါမည်

ကျေးဇူးပါ!

သင့်အီးမေးလ်ထံ လင့်ခ်ပို့ပေးလိုက်ပါပြီ.
ထိုအီးမေးလ်အား ကလစ်နှိပ်ကာ သင့်အီးမေးလ်လိပ်စာကိုအတည်ပြုပြီး စတင်လေ့လာနေသူများအတွက် Forex လမ်းညွှန်စာအုပ်ကို အခမဲ့ရယူလိုက်ပါ.

သင်ဟာ ဘရောက်ဇာ ဗားရှင်းအဟောင်းကိုသုံးနေတာ ဖြစ်ပါတယ်.

အောင်မြင်မှုပိုရဖို့ နှင့် အရောင်းအ၀ယ် အတွေ့ အကြုံတွေရပြီး လုံခြုံမှုရှိဖို့အတွက် အဆင့်မြှင့်တင်လိုက်ပါ သို့မဟုတ် အခြားတစ်ခုကို သုံးပါ.

Safari Chrome Firefox Opera