Forex Archer ထရိတ်ဒင်း နည်းဗျူဟာ

Forex Archer ထရိတ်ဒင်း နည်းဗျူဟာ

အောက်ပါနည်းဗျူဟာ အင်ဒီကေတာနဲ့ ထရိတ်တာကြိုက်တဲ့သူတွေအတွက် အသင့်လျော်ဆုံးဖြစ်ပါတယ်. ဒီဟာက ထရိတ်ဒါတွေရဲ့ အသုံးပြုရလွယ်ပြီး လွယ်လွယ်မှတ်မိစေတဲ့ နည်းဗျူဟာတွေထဲက တစ်ခုဖြစ်ပါတယ်. သင်လည်းတွေ့ပါလိမ့်မယ်.

အဓိကပါဝင်သော အရာများ:

  1. ငွေကြေးအတွဲများ - ယူရို/ဒေါ်လာ နှင့် အခြား အဓိကအတွဲများ
  2. အချိန် ၈၆ (EMA86) နှင့် အမြန်ရွေ့လျားနေတဲ့ moving average;
  3. အချိန် ၂၁ (EMA21) နှင့် အမြန်ရွေ့လျားနေတဲ့ moving average
  4. Momentum (ဈေးကွက်လှုပ်ရှားမှုအရှိန်အဟုန်ပြ) အင်ဒီကေတာနှင့်အတူ အချိန်အပိုင်းအခြား ၈ နှင့် level ၁၀၀
  5. Heiken Ashi ဟီကန် အရှီ (ဂျပန်လို ပျမ်းမျှဘား) အင်ဒီကေတာ - candlestick ဖယောင်းယားနှင့်အတူ trend လမ်းကြောင်းကိုသိရန်နဲ့ ဈေးခန့်မှန်းဖို့ရာ အသုံးပြုပါတယ်. သင်မှတ်မိအောင် ကျွန်တော် လိုတိုရှင်းလေး သူ့ရဲ့ အချက်ပေး signal တွေကိုပြောပြပေးပါမယ်. အခြေခံအားဖြင့် အချက်ပြ signal ၅ ခုရှိပါတယ်. ထိုဟာတွေက အချောင်းအတံရှည်ရှည်မပါဘဲ အတက်လမ်းကြောင်းကိုညွှန်ပြနေတဲ့ (၀ယ်ဖို့အချိန်ကောင်းကိုပြနေတဲ့) အစိမ်းရောင် ဖယောင်းတိုင်၊ အတုံးသေးသေးလေးကို အချောင်းက အပေါ်အောက်ဝန်းယံထားတဲ့ တန်ပြန်သက်ရောက်ပြ (ပြန်တက် သို့ ကျပြသော) အချက်ပေး ဖယောင်းတိုင်၊ အကျ လမ်းကြောင်းကိုပြတဲ့ (သာမာန်အားဖြင့် အရောင်းဖွင့်ဖို့နဲ့ အ၀ယ်ပိတ်ဖို့အတွက်သုံးသော) အနီရောင် ဖယောင်းတိုင်များ၊ အပေါ်ကအချောင်းအတံမပါသော အားကောင်းသော အကျကိုပြတဲ့ အနီရောင် ဖယောင်းတိုင်တို့ဖြစ်ကြပါတယ်.
  6. Stochastic Oscillator နှင့် ၈-၃-၃ ရွေးခြယ်မှု setting

အ၀ယ် ပြင်ဆင်မှု:

  1. EMA (21) က EMA (86) ကို အောက်ကနေ အပေါ်သို့ ဖြတ်ကျော်ပါမယ်. EMA 86 ရဲ့အပေါ်မှာဖြစ်ရပါမယ်;
  2. Momentum (ဈေးကွက်လှုပ်ရှားမှုအရှိန်အဟုန်ပြ) အင်ဒီကေတာက level ၁၀၀ အထက်ရှိရမယ်;
  3. Stochastic Oscillator က level ၄၀ အထက်ရှိပြီး သူ့ရဲ့ major အဓိကလိုင်းက အထောက်အပံ့လိုင်းရဲ့ အပေါ်မှာ ရှိရပါမယ်;
  4. Heiken Ashi ဟီကန် အရှီ က အစီမ်းရောင် ဖယောင်းတိုင်ဖြစ်ရပါမယ်;
  5. အထက်ပါ အချက်ပေး signal တွေဟာ တချိန်တည်းမှာ ဖြစ်ပေါ်ရပါမယ်;
  6. ထရိတ်ကို နောက်ဖယောင်းတိုင်တစ်ခုရဲ့ အဖွင့်ကနေ စဖွင့်သင့်ပါတယ်;
  7. Stop-loss = 50 pips မှာထားပါ;
  8. Take-profit = 100 pip မှာထားပါ.

EURUSDH1.png

အရောင်း ပြင်ဆင်မှု:

  1. EMA (21) က EMA (86) ကို အပေါ်ကနေ အောက်သို့ ဖြတ်ကျော်ပါမယ်. EMA 86 ရဲ့အပေါ်မှာဖြစ်ရပါမယ်;
  2. Momentum (ဈေးကွက်လှုပ်ရှားမှုအရှိန်အဟုန်ပြ) အင်ဒီကေတာက level ၁၀၀ အောက်ရှိရမယ်;
  3. Stochastic Oscillator က level ၈၀ အောက်ရှိပြီး သူ့ရဲ့ major အဓိကလိုင်းက အထောက်အပံ့လိုင်းရဲ့ အောက်မှာ ရှိရပါမယ်;
  4. Heiken Ashi ဟီကန် အရှီ က အနီရောင် ဖယောင်းတိုင်ဖြစ်ရပါမယ်;
  5. အထက်ပါ အချက်ပေး signal တွေဟာ တချိန်တည်းမှာ ဖြစ်ပေါ်ရပါမယ်;
  6. ထရိတ်ကို နောက်ဖယောင်းတိုင်တစ်ခုရဲ့ အဖွင့်ကနေ စဖွင့်သင့်ပါတယ်;
  7. Stop-loss = 50 pips မှာထားပါ;
  8. Take-profit = 100 pip မှာထားပါ.

 Untitled.png

တူညီသော

ခရစ္စမတ်အားလပ်ရက်များအတွင်း ရောင်းဝယ်ခြင်း

ခရစ္စမတ်အားလပ်ရက်များ နီးကပ်လာပြီဖြစ်သဖြင့်၊ အဓိကမေးခွန်း ရောင်းဝယ်သူတိုင်းထံတွင် ရှိလာပါပြီ: ဒီလိုအားလပ်ရက်ရှညများမှာ ရောင်းဝယ်ဖို့ဖြစ်နိုင်သလား?

ရွှေအရောင်းအဝယ် ဗျူဟာများ

အဝါရောင်သတ္တုသည် Forex ဈေးကွက်ရှိ အခြားကုန်စည်များ (သို့) ငွေကြေးအတွဲများကဲ့သို့ တူရာကိုရွေ့လျှားတတ်ခြင်းမဟုတ်သောကြောင့် ရွှေအရောင်းအဝယ်သည် အလွန်လွယ်ကူသော ခေါင်းစဉ်တော့မဟုတ်ပါ။

သင်၏ပြည်တွင်းငွေကြေးစနစ်ဖြင့်ငွေသွင်းရန်

ဖုန်းပြန်ခေါ်ပေးမည်

မကြာမီ မန်နေဂျာမှ လူကြီးမင်း၏ ဖုန်းကိုပြန်ခေါ်ရန်။

နံပါတ် ပြင်ပါ

လူကြီးမင်း၏လျှောက်လွှာကို လက်ခံပြီးဖြစ်ပါသည်

မကြာမီ မန်နေဂျာမှ လူကြီးမင်း၏ ဖုန်းကိုပြန်ခေါ်ရန်။

အတွင်းပိုင်းတစ်ခုခုအမှားအယွင်းဖြစ်နေသည်။ ကျေးဇူးပြု၍ နောက်တစ်ကြိမ်ထပ်မံကြိုးစားကြည့်ပါ။

စတင်လေ့လာသူများအတွက် Forexစာအုပ်

စတင်ရောင်းဝယ်ရာတွင် လိုအပ်သည့် အရေးအကြီးဆုံးအရာ
သင့်အီးမေးလ်ကို ထည့်သွင်းလိုက်ပါ. Forex လမ်းညွှန်စာအုပ်ကို သင့်ထံအခမဲ့ ပေးပို့ပေးသွားပါမည်

ကျေးဇူးပါ!

သင့်အီးမေးလ်ထံ လင့်ခ်ပို့ပေးလိုက်ပါပြီ.
ထိုအီးမေးလ်အား ကလစ်နှိပ်ကာ သင့်အီးမေးလ်လိပ်စာကိုအတည်ပြုပြီး စတင်လေ့လာနေသူများအတွက် Forex လမ်းညွှန်စာအုပ်ကို အခမဲ့ရယူလိုက်ပါ.

သင်ဟာ ဘရောက်ဇာ ဗားရှင်းအဟောင်းကိုသုံးနေတာ ဖြစ်ပါတယ်.

အောင်မြင်မှုပိုရဖို့ နှင့် အရောင်းအ၀ယ် အတွေ့ အကြုံတွေရပြီး လုံခြုံမှုရှိဖို့အတွက် အဆင့်မြှင့်တင်လိုက်ပါ သို့မဟုတ် အခြားတစ်ခုကို သုံးပါ.

Safari Chrome Firefox Opera