10.12.2018

သင်သည် သန်းကြွယ်သူဌေးတစ်ဦးဖြစ်မှသာလျှင် ဖိတ်ကြားခံရမည့် အထင်ကရပွဲများ

ဒေါ်လာထောင်ပေါင်းများစွာ ကုန်ကျသည့် လက်မှတ်များဝယ်ရသည့် ဈေးအဆမတန်ကြီးသည့်ပွဲမြောက်များစွာရှိသည်။ သို့သော် တစ်ချို့အနေအထားတွင် ငွေသည်သင့်အား အထဲဝင်လို့ရအောင်အခွင့်အရေး ဝယ်မပေးနိုင်ပါ။ သင်သည် သန်းကြွယ်သူဌေးအခြေအနေဖြစ်မှသာလျှင် ဖိတ်ကြားခံရမည့် ဆန်းပြားသောပွဲများကို ဆန်းစစ်ကြည့်ပါ။

hat.jpg

ဇိမ်ခံအိမ်ခြံမြေပြပွဲ (LPS)၊ ဘေဂျင်း

1-bejing.jpg

ဤအထက်တန်းလွှာ အိမ်ခြံမြေပြပွဲသည် အဆင်မြင့်ဆုံး အိမ်ခြံမြေ ဝယ်လက်များ၊ တည်ဆောက်သူများ နှင့် ပိုင်ရှင်များအတွက်သာ ၎င်းတံခါးကိုဖွင့်ထားသည့် ဖိတ်ကြားချက်တစ်ခုသာဖြစ်သည်။ နိုင်ငံပေါင်း ၃၅နိုင်ငံကျော်မှ ထိပ်တန်းပြပွဲတင်သူများသည် အကောင်းမွန်ဆုံး အိမ်ရာများနှင့် စီးပွားဖြစ်အဆောက်အဦးများအား ရည်မှန်းထားသည့် ၆၀၀၀သော ဝယ်လက်များထံသို့ ခင်းကျင်းပြသခဲ့သည်။ သူတို့အားလုံးသည် သန်းကြွယ်သူဌေးများဖြစ်ကြသည်ကို ပြောရန်မလိုတော့ပါ။ တရုတ်တွင် (သို့) ကမ္ဘာပေါ်ရှိ နေရာတိုင်းတွင် - စိတ်ကူးအိမ်လေးကို တွေးတောထားပါက - ဘေဂျင်းပြပွဲတွင် သေချာပေါက်ရှာတွေ့နိုင်ပါမည်။ ဈေးနှုန်းများသည် $၅၀၀,၀၀၀ မှ ၅,၀၀၀,၀၀၀နှင့် ပိုများသော အတောအတွင်းမှာရှိပါသည်။

Le Bal des Débutantes

2-Le Bal.jpg

၁၈ရာစုနှစ်-ပုံစံ Bal ကိုသွားလည်ရန် စိတ်ကူးထားပါက၊ ဒါဟာ သင့်အခွင့်အရေးပါ။ Le Bal des Débutantes၏ စိတ်ကူးသည် မပြောင်းလဲခဲ့ပါ - နှစ်တိုင်း၊ ပွဲသည် သူတို့၏ ပထမဆုံး ကြီးမားသည့် ဖက်ရှင်အဝတ်အစားပြပွဲကို ဆင်နွှဲရန် နိုင်ငံပေါင်းစုံမှ ၁၆နှင့် ၂၂ကြားရှိ ချမ်းသာပြီး၊ နာမည်ကြီးမိန်းကလေး အယောက် ၂၀-၂၅ထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည်။ ဤမိန်းမငယ်လေးများသည် နာမည်ကြီးမိသားစုမှ ဆင်းသက်လာကြပြီး၊ ငယ်ရွယ်ပြီး စည်းကမ်းကလနားမရှိသော နောက်ထပ်မျိုးဆက်သစ်များအနေဖြင့် ယူဆခံရပါသည်။ မိန်းမငယ်လေးများသည် ဧည့်သည်တော်များမှ သူတို့ငွေများကို ပရဟိတအတွက် လှူဒါန်းနေချိန်တွင် $၄၀,၀၀၀ အထက်ကုန်ကျသည့် ဆန်းပြားသော ဒီဇိုင်းနာ ဝတ်ရုံများနှင့် လက်ဝတ်ရတနာများကို ဝတ်ဆင်ကြသည်။ Forbes မဂ္ဂဇင်း နှင့် အခြားမီဒီယာကြီးများက le Bal အား ကမ္ဘာ့ဟော့အဖြစ်ဆုံးပါတီများထဲမှ တစ်ခုအဖြစ်ရည် ကိုးကားပြထားသည်။

The Elite London

3-The Elite London.jpg

Elite London သည် ချမ်းသာသည့် ပုဂ္ဂိုလ်များ ထိပ်တန်းအဆင့် ကိုယ်ပိုင်ဂျက်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ ရွက်လှေများ၊ အထူးကားများနှင့် စက်လှေများအား ခံစားနိုင်သည့် ပုဂ္ဂလိက လေယာဉ်နှင့် အထက်တန်းလွှာ အမှတ်တံဆိပ်များကုန်စည်ပြပွဲ ဖြစ်သည်။ ဤပြပွဲသည် တန်ဖိုးကြီးအရုပ်များကို နှစ်သက်ပြီး၊ ဝယ်ရန်ငွေကြေးတတ်နိုင်သည့် သူများအတွက် Disneyland တစ်ခုဖြစ်သည်။ Elite London သည် ဇိမ်ခံလူနေမှုဘဝပုံစံအတွက် အဓိပ္ပါယ်ဆင်တူသည့်စကားလုံးဖြစ်ပြီး၊ သင်ချမ်းသာသည့်အခါ ဆက်စပ်နိုင်သည့် အရာအားလုံး: ထူးခြားသော နေရာများ၏ ခံစားနိုင်သောဝန်းကျင်ရှိ အထက်တန်းစား ယာဉ်များ၊ နာရီများနှင့် ထိပ်တန်းအမှတ်တံဆိပ်များရှိပါသည်။

The Met Gala

4-meth gala.jpg

Met Gala သည် နယူးယောက်မြို့ရှိ အနုပညာအဝတ်အစား အဖွဲ့အစည်း မြို့တော်ပြတိုက်၏ အကျိုးအမြတ်အတွက် ရန်ပုံငွေပွဲဖြစ်သည်။ လူအများမှ ဤပွဲအား ဖက်ရှင် အော်စကာပွဲဟုခေါ်ကြသည်: နှစ်တိုင်း၊ ၎င်းသည် ချမ်းသာပြီး ကျော်ကြားသူများအား "ဖက်ရှင်၏ အကြီးဆုံး ညထွက်လည်ပတ်မှု"ကို ဆင်နွှဲရန် ဆွဲဆောင်ပါသည်။ Galaကို တက်ရောက်သည့် ကုန်ကျစရိတ်သည် လူတစ်ဦးလျှင် $၃၀,၀၀၀ (သို့မဟုတ် စားပွဲတစ်ဝိုင်းလျှင် $၂၇၅,၀၀၀) ဖြစ်သည်။

နှစ်တိုင်း၊ ပွဲ၏ မန်နေဂျာများသည် ပါတီအဓိကဆိုလိုရင်းကို ရွေးချယ်ကြသည်။ ၂၀၁၈တွင်၊ ၎င်းသည် ကက်သလစ်-အာဘော် ဒီဇိုင်နာ ဝတ်ရုံများဝတ်ဆင်ထားသည့် Rihanna, Lana Del Ray, Jared Leto, Madonna, Kylie Jenner, Katy Perry, နှင့်အခြား နာမည်ကျော်များကို ရှာဖွေတွေ့ရှိနိုင်သည့် "နေ၊ လ၊ ကြယ်တာရာ၊ ဂြိုလ်များ: ဖက်ရှင်နှင့် ပွင့်လင်းသော စိတ်ကူးစိတ်သန်း" ဖြစ်ခဲ့သည်။

Monaco Grand Prix

5-F1.jpg

ဖော်မြူလာဝမ်း ယာဉ်ပြိုင်ပွဲသည် အမြန်နှုန်းနှင့် စွမ်းအင်နှင့် တုန့်ပြန်မှုကိုပိုမိုထက်မြက်စေသော ပစ္စည်းအတွက် သူတို့စွဲလမ်းမှုကြောင့် ချမ်းသာပြီး နာမည်ကျော်များ၏ အကြိုက်ဆုံး အားကစားပွဲဖြစ်သည်ဟု ယုံကြည်ခံရသည်။ နှစ်တိုင်း မေလတွင်၊ မွန်တီကာလိုနှင့် လာ ကွန်ဒါမိုင်း၏ လမ်းများသည် ကမ္ဘာ့ထိပ်တန်း ပြိုင်ကားသမားများနှင့် ချမ်းသာဆုံးသူများအတွက် စင်မြင့်ဖြစ်ခဲ့သည်။

Grand Prix ကမ္ဘာပေါ်ရှိ အောင်မြင်ကျော်ကြားပြီး ဆွဲဆောင်မှုရှိတဲ့လူငယ်များ၏ ပြိုင်ပွဲများထဲမှ တစ်ခုဖြစ်သည်။ VIP လက်မှတ်များသည် $၃,၀၀၀ အထိကုန်ကျပေမယ့် VIP ဧည်သည့်အများစုသည် ကားများအား သူတို့၏ ဇိမ်ခံရွက်လှေများနှင့် ကိုယ်ပိုင်ဂျက်လေယာဉ်များမှ ကြည့်ရှုကြသည်။ ထို့အပြင် မိုနာကိုသည် ၎င်း၏ တပ်မက်ဖွယ်ကောင်းသော ကာစီနိုလောင်းကစားရုံများ၊ မြို့တော်အကျိုးအမြတ်၊ ဝင်ငွေနှင့် အမွေခွန်များ နှင့် အလုံးစုံ အထက်တန်းလွှာ vibe မရှိခြင်းတို့ကြောင့် လူချမ်းသာများအတွက် ခရီးပန်းတိုင်ဖြစ်ခဲ့သည်။

  • 662
  • 0
ဖုန်းပြန်ခေါ်ပေးမည်

မကြာမီ မန်နေဂျာမှ လူကြီးမင်း၏ ဖုန်းကိုပြန်ခေါ်ရန်။

နံပါတ် ပြင်ပါ

လူကြီးမင်း၏လျှောက်လွှာကို လက်ခံပြီးဖြစ်ပါသည်

မကြာမီ မန်နေဂျာမှ လူကြီးမင်း၏ ဖုန်းကိုပြန်ခေါ်ရန်။

အတွင်းပိုင်းတစ်ခုခုအမှားအယွင်းဖြစ်နေသည်။ ကျေးဇူးပြု၍ နောက်တစ်ကြိမ်ထပ်မံကြိုးစားကြည့်ပါ။

စတင်လေ့လာသူများအတွက် Forexစာအုပ်

စတင်ရောင်းဝယ်ရာတွင် လိုအပ်သည့် အရေးအကြီးဆုံးအရာ
သင့်အီးမေးလ်ကို ထည့်သွင်းလိုက်ပါ. Forex လမ်းညွှန်စာအုပ်ကို သင့်ထံအခမဲ့ ပေးပို့ပေးသွားပါမည်

ကျေးဇူးပါ!

သင့်အီးမေးလ်ထံ လင့်ခ်ပို့ပေးလိုက်ပါပြီ.
ထိုအီးမေးလ်အား ကလစ်နှိပ်ကာ သင့်အီးမေးလ်လိပ်စာကိုအတည်ပြုပြီး စတင်လေ့လာနေသူများအတွက် Forex လမ်းညွှန်စာအုပ်ကို အခမဲ့ရယူလိုက်ပါ.

သင်ဟာ ဘရောက်ဇာ ဗားရှင်းအဟောင်းကိုသုံးနေတာ ဖြစ်ပါတယ်.

အောင်မြင်မှုပိုရဖို့ နှင့် အရောင်းအ၀ယ် အတွေ့ အကြုံတွေရပြီး လုံခြုံမှုရှိဖို့အတွက် အဆင့်မြှင့်တင်လိုက်ပါ သို့မဟုတ် အခြားတစ်ခုကို သုံးပါ.

Safari Chrome Firefox Opera