27.12.2018

ငွေအကြောင်း လှုံ့ဆော်ပေးမည့် ဇာတ်လမ်း ၅ပုဒ်

ဘောင်ကိုချိုးဖောက်ခဲ့ပြီး၊ ထိပ်ကိုရောက်ခဲ့ကြသည့် ကိုယ်ထူးကိုယ်ချွန်ရောင်းဝယ်သူများ

banner-mozaika.jpg

နှစ်သစ်သည် ပန်းတိုင်သစ်ချမှတ်ရန်၊ အစီအစဉ်များဖန်တီးပြီး၊ သင့်ရဲ့လှုံ့ဆော်မှုအား တစ်ဖန်အားပြန်သွင်းရန် အချိန်ကောင်းဖြစ်သည်။ အောင်မြင်မှုထက်၊ ဘာကများပိုစေ့ဆော်နိုင်မှာလဲ? Forexသည် လူတိုင်းအတွက်အရာရာဖြစ်နိုင်သည့် နေရာဖြစ်သည်။ မတူညီသော နောက်ခံအမျိုးမျိုးကနေစတင်ခဲ့ပေမယ့်၊ တူညီတာ - အောင်မြင်မှု တစ်ခုရှိသည့် နာမည်ကျော်ရောင်းဝယ်သူများ၏ အားကျအတုယူဖွယ် ဇာတ်လမ်း၅ခုဒီမှာပါ။

Edward Arthur Seykota: အရောင်းအဝယ်စနစ်များ၏ ဖခင်

seikota.jpg

ဤပုဂ္ဂိုလ်သည် အသက်... ၅နှစ်တွင် သူ၏ပထမဆုံး အရောင်းအဝယ်ကိုပြုလုပ်ခဲ့သည်! နယ်သာလန်မှ အမေရိကသို့ ရွှေ့ပြောင်းလာခဲ့သည့်၊ တိုင်းတပါးမှ လာရောက်နေထိုင်သူမိသားစုမှ ကလေးတစ်ဦးသည် ရွှေရောင်လည်ဆွဲလေးကို သူ့အိမ်နီးချင်းအား ပုံကြီးချဲ့မှန်ဘီလူးငါးခုအတွက် ရောင်းဝယ်ခဲ့သည်။

Seykota သည် အရောင်းအဝယ်စနစ်၏ ဖခင်အဖြစ် နာမည်ကျော်ကြားသည်။ ရောင်းဝယ်သူတစ်ဦးအနေဖြင့် ၁၉၇၀ခုနှစ်များမှစပြီး၊ သူသည် အလိုအလျောက် လှုပ်ရှားပြီး ငွေရှာသည့်စက်တစ်ခုနှင့် နည်းပညာဆိုင်ရာသုံးသပ်မှု စိတ်ကူးဖြင့်စွဲလမ်းခဲ့သည်။

အရောင်းအဝယ်စနစ်များအတွက် စက်မှုအယ်လဂိုရီသမ်ကို တီထွင်ခဲ့ပြီး၊ ငွေလဲလှယ်ရောင်းဝယ်ခြင်းတွင် ကွန်ပျူတာပရိုဂရမ်များကို စတင်အသုံးပြုခဲ့သည် - သူ့ဖောက်သည်များ၏ အကောင့်များမှ တစ်ခုမှာသူရောက်ရှိခဲ့သည့် အမြတ်ပမာဏသည် ပကတိစံချိန်တင်ခဲ့သည်။ သူအသုံးပြုခဲ့သည့် ရိုဘော့မှရခဲ့သည့် အမြတ်သည် ၁၉၇၂မှ ၁၉၈၈ကာလအတွင်း ၂၅၀ ၀၀၀%ကျော်အဖြစ်ထင်ရှားခဲ့သည် - Seykota၏ ဖောက်သည်သည် $၅၀၀၀မှ ဒေါ်လာ၁၅သန်းအမြတ်ထွက်ခဲ့သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဒါဟာ တစ်ခုတည်းသော ကံကောင်းမှုမဖြစ်နိုင်ပါဘူး - ဒါဟာ ဖြေးဖြေးမှန်မှန်အယ်လဂိုရီသမ်ပါ။

"ကျွန်တော်ရှင်သန်ခဲ့တဲ့ အရောင်းအဝယ်စည်းမျဉ်းများမှာ: ၁။ အရှုံးများကို ဖြတ်ချပါ။ ၂။ ကံထူးသူများကို စီးနင်းပါ။ ၃။ အလောင်းအစားများကို သေးသေးပဲထားပါ။ ၄။ အမေးအမြန်းမထူဘဲ စည်းကမ်းလိုက်နာပါ။ ၅။ စည်းကမ်းဘယ်ချိန်ဖောက်ရမလဲ သိထားပါ" တို့ဖြစ်သည် - Ed Seykota

Ed Seykota အကြောင်း ပိုမိုဖတ်ရှုပါ

Ingeborga Mootz: သန်းချီ-ဒေါ်လာ အဖွား

moots.jpg

Ed Seykotaသည် အစောပိုင်း ၅နှစ်သားအရွယ်မှာ စတင်ခဲ့ပါက၊ Frau Mootzသည် Forexတွင် အရည်အချင်းနယ်ပယ် အသက်တစ်ခု၏ အခြားဘက်ကို ကိုယ်စားပြုသည်။ အချို့အဖွားများက ပိုင်မုန့်ဖုတ်ကြသည် - သူတို့ထဲမှ အချို့ကတော့ သန်းကြွယ်သူဌေးဖြစ်အောင် ရောင်းဝယ်ကြသည်။

Ingeborga Mootz၊ လွန်ခဲ့သည့် ၁၅နှစ်က သာမန်ဂျာမန်မုဆိုးမတစ်ဦးဖြစ်ခဲ့သူသည် ယခုအခါ ၉၆နှစ်အရွယ် သန်းကြွယ်သူဌေးဖြစ်သည်။ ယခုအခါ သူမသည် ဂျာမနီတွင် လူသိအများဆုံးလူများထဲမှ တစ်ဦးဖြစ်သည်။

သူမသည် ဆင်းရဲသည့်မိသားစုတွင် မွေးဖွားခဲ့ပြီး၊ ဆင်းရဲမှုမှလွတ်မြောက်ရန် အစောပိုင်း ၁၇နှစ်အရွယ်တွင် လက်ထပ်ခဲ့သည် - သို့သော် သူမအား စိတ်သက်သာရာ မရစေခဲ့ပါ။ ၇၅နှစ်မတိုင်ခင်ထိ၊ သုံးစွဲရန် အမှတ်တိုင်းအတွက် သူမ၏ခင်ပွန်းသည်ကို တောင်းဆိုခဲ့ရသည်။ အလုပ်ရရန်ကြိုးစားသည့်အခါတိုင်း၊ သူမခင်ပွန်းက သူမအားနှိမ်ချပြီး၊ ငွေမရှာနိုင်ဘဲ၊ ထုံထိုင်းတဲ့မိန်းမအိုကြီးအဖြစ်ခေါ်ခဲ့သည်။ "ငါအလုပ်မလုပ်နိုင်ဘူးထင်ရင်၊ ဈေးမှာ ငါရောင်းဝယ်ပြမယ်!" - သူမခံနိုင်ရည်ကုန်သွားတဲ့တစ်နေ့မှာ သူမပြန်ပြောခဲ့တာပါ။ သူမ မလိမ်ခဲ့ပါဘူး။

သူမခင်ပွန်းကွယ်လွန်ပြီးနောက်၊ frau Mootzသည် သူ့ဘဝတစ်လျှောက်လုံး လုပ်ကိုင်ခဲ့သည့် ကုမ္ပဏီမှအစုရှယ်ယာ ၁၀၀၀ကို ရှာတွေ့ခဲ့သည်။ သူမသည် စွန့်စားရန်ဆုံးဖြတ်ခဲ့ပြီး၊ သူမရဲ့ဆင်းရဲမှုကို အဆုံးသတ်ရန် အသုံးချခဲ့ပါတယ်။ ဒါဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့ပါတယ်: အရောင်းအဝယ်ကာလ ပထမ၈နှစ်တာအတွင်း၊ ဒီစိတ်အားထက်သန်တဲ့ မိန်းမကြီးသည် ယူရို ၅၀၀ ၀၀၀ထက်ပို၍ ရှာနိုင်ခဲ့သည်!

သူမ၏ အရောင်းအဝယ်ပုံစံကြောင့် လေးစားခံခဲ့ရသည် - သူမသည် ကိရိယာအသေးစားများ၊ အင်တာနက်၊ အရောင်းအဝယ်အချက်ပြချက်များ ဘာမှမသုံးပါ။ သူမသိလိုသမျှအားလုံးကို မနက်ခင်သတင်းစာ အဟောင်းများမှရပါသည်။ ဒီဗျူဟာမျိုးက မိန်းမကြီးအတွက် သန်းပေါင်းများစွာ ဘယ်လိုယူဆောင်ပေးခဲ့လဲ သင်စိတ်ဝင်စားပါက၊ သူမ၏စာအုပ် “Borsenkrimi” (သို့) "စတော့ရှယ်ယာဈေးကွက် စုံထောက်" ကို ရှာဖွေလှန်လှောပါ။

"ဈေးပေါပေါဝယ်၊ ဈေးကြီးကြီးရောင်း" - Ingeborga Mootz

Ingeborga Mootz အကြောင်း ပိုမိုဖတ်ရှုပါ

Nassim Taleb: ဈေးကွက်၏ ငန်းနက်တစ်ကောင်

taleb.jpg

ဤရောင်းဝယ်သူသည် အရောင်းအဝယ်လောကတွင် စိတ်ဝင်စားဖွယ်အကောင်းဆုံးနှင့် အငြင်းပွားဖွယ်သီအိုရီများ- ငန်းနက်သီအိုရီ၊ (သို့) ဖြစ်ပျက်ရန် အလွန်အမင်းဖြစ်နိုင်ချေမရှိသော ဖြစ်ရပ်များ၏ သီအိုရီကို ဖန်တီးခဲ့သည်။

လက်ဘနွန်ရှိ၊ ဂရိရှေးရိုးယုံကြည်သူများ၏ မိသားစုတွင်မွေးဖွားခဲ့သည့် Talebသည် ပဲရစ်တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် ရောင်းဝယ်သူအဖြစ်စတင်ခဲ့သည်။ စာရင်းအင်းများ ပိုလေ့လာခဲ့လေ၊ ဘဏ္ဍာရေးစနစ်တစ်ခုလုံးသည် ပေါက်ထွက်ရန်အသင့်ဖြစ်နေသည့် ဒိုင်းနမိုက်စည်းငယ်လေးတစ်ခုဖြစ်ခဲ့သည်ဟု ပိုယုံကြည်လာခဲ့သည်။

သူ၏ စာအုပ် "ငန်းနက်"ကို ထုတ်ဝေပြီးနောက် သူသည် တကယ့်နာမည်ကျော်တစ်ဦးဖြစ်လာခဲ့သည်။ Taleb နည်းအရ၊ ဈေးကွက်ကို အရေးပါစွာ သက်ရောက်မည့် ဖြစ်ရပ်အားလုံးနီးပါးသည် လုံးဝကြိုတင်ခန့်မှန်းမရပါ။ အန္တရာယ်စီမံခန့်ခွဲသူအတော်များများသည် အနာဂတ်ကိုခန့်မှန်းရန် အတိတ်နှင့် အလုပ်လုပ်ကြပေမယ့်၊ အတိတ်သည် အနာဂတ်တွင် ဖြစ်လာနိုင်မည့်အရာများကို မပေးစွမ်းနိုင်ပါ။ ရက် ၁၀၀၀စာ ကောင်းမွန်စွာကျွေးမွေးခံထားရသည့် ကြက်ဆင်သည် ၁၀၀၁ရက်မြောက်နေ့တွင် ကျေးဇူးတော်နေ့ညစာအတွက် အသတ်ခံရမည်ဟု မျှော်မှန်းမထားပါ - ဒါပေမယ့် ထိုကဲ့သို့ဖြစ်လာရမည်ဖြစ်သည်။ ကျွေးမွေးပြီး ၁၀၀၁ရက်မြောက်နေ့တွင် အသတ်ခံရခြင်းသည် ကြက်ဆင်အတွက် ငန်းနက်ဖြစ်သော်လည်း၊ သားသတ်သမားအတွက် မဟုတ်ပါ။ ထို့ကြောင့်၊ အစိုးရအေဂျင်စီများနှင့် ကုမ္ပဏီများမှအသုံးပြုခဲ့သည့် အစဉ်အလာ အန္တရာယ်စီမံခန့်ခွဲမှုသည် အသုံးမဝင်ပါ။ သီအိုရီသည် ၂၀၀၈ဘဏ္ဍာရေးအကျပ်အတည်း ဖွင့်လှစ်မှု၏ နောက်ခံမြင်ကွင်းကို ဆန့်ကျင်ပြီး ကျော်ကြားမှုရလာခဲ့သည်။

Taleb၏ ဗျူဟာသည် ရောင်းဝယ်သူတစ်ဦးအနေဖြင့် ရှားပါးဖြစ်ရပ်များမှ ဆုလာဘ်များရိတ်သိမ်းနေစဉ်အတွင်း အကျပ်အတည်းများကို ဆန့်ကျင်ပြီး ရင်းနှီးမြှုပ်နှံသူများကို စောင့်ရှောက်ခြင်းအပေါ်အခြေခံသည် - ထို့ကြောင့် သူ့အလုပ်အကိုင်သည် မြောက်များစွာသောလောင်းကြေးအပုံ၏ စမ်းသပ်ခြင်းတစ်ခုထက်ပိုပါသည်။ သူ့တွင်ရှိခဲ့သည့် ဘလက်မန်းဒေး၊ အောက်တိုဘာ ၁၉၊ ၁၉၈၇: Dow Jones စက်မှုလုပ်ငန်းဆိုင်ရာပျမ်းမျှသည် ၂၂.၆%သို့ ကျသွားပြီးနောက်၊ Taleb ဒေါ်လာ သန်း၄၀အမြတ်ရခဲ့သည့်. တစ်ခုလိုပေါ့။

"သမိုင်းဟာ မဖြစ်နိုင်သောအဖြစ်အပျက်၏ လွှမ်းမိုးခြင်းခံရလိမ့်မည်ဆိုတာ ကျွန်တော်သိပါတယ်၊ ဖြစ်ရပ်က ဘာဖြစ်မလဲဆိုတာသာ မသိတာပါ" - Nassim Taleb

Nassim Taleb အကြောင်းပိုမိုဖတ်ရှုပါ

George Soros: အင်္ဂလန်ဘဏ်ကိုမွဲစေခဲ့သည့် လူတစ်ဦး

soros.jpg

Soros သည် သက်တမ်းတစ်လျှောက် နာမည်အကြီးဆုံးရောင်းဝယ်သူများထဲမှ တစ်ဦးအဖြစ် လူသိများကြသည်။ ဂျုးမိသားစု၊ ဟန်ဂေရီယမ်တွင် မွေးဖွားခဲ့ပြီး၊ နာဇီသိမ်းပိုက်မှုတွင် အနိုင်နိုင်အသက်ရှင်ကျန်ခဲ့ရသူဖြစ်သည်။ လေ့လာနေစဉ်အတွင်း၊ ငွေတိုငွေစရရန် Georgeသည် ရထားလမ်းအထမ်းသမားနှင့် ညကလပ်ဝိတ်တာအဖြစ် လုပ်ကိုင်ခဲ့ရသည်။

နယူးယောက်ကိုပြောင်းရွှေ့ပြီး၊ Wall Street ပွဲစားလောကအတော်များများအတွက် လုပ်ကိုင်ခဲ့ပြီးနောက်၊ ဘဏ္ဍာရေးပါရမီရှင်ဘဝအစစ်မှန် စတင်ခဲ့ပါသည်။ သူသည် ၁၉၉၂တွင် ဗြိတိန်ပေါင်ကိုဆန့်ကျင်ပြီး ကြီးမားသည့်အလောင်းအစားလုပ်ခဲ့ခြင်းဖြင့် အင်္ဂလန်ဘဏ်ကို မွဲစေခဲ့သည့် သူတစ်ဦးအဖြစ် နာမည်ကျော်ပါသည်။ သူသည် တစ်ညထဲနှင့် ဒေါ်လာသန်းထောင်ချီရခဲ့ပါသည်။

Soros သည် ကမ္ဘာ့ဗွေဆော်ပရဟိတသမားအဖြစ်လည်း လူသိများပါသည်။ သူတော်ကောင်းဘီလျံနာဟာ ပွင့်လင်းသော လူမှုဖောင်ဒေးရှင်းများ - ကမ္ဘာ့အနှံ့ နိုင်ငံပေါင်း ၁၀၀ထက်ပိုပြီး ဖောင်ဒေးရှင်းများ၊ ပါတနာများ၊ ပရောဂျက်များ၏ ကွန်ယက်တစ်ခုလုံးကို ဖန်တီးရန် သူ့ကံကြမ္မာကိုအသုံးချခဲ့သည်။

၂၀၁၈ ဘဏ္ဍာရေးတိုင်းမ်မဂ္ဂဇင်းသည် မစ္စတာ Soros အား "တစ်နှစ်တာ၏ ပုဂ္ဂိုလ်"အဖြစ် အသိအမှတ်ပြုခဲ့သည်။ မဂ္ဂဇင်းမှ ဆုံးဖြတ်ချက်သည် Soros၏ အောင်မြင်မှုပေါ်တွင်သာမက၊ သူသည် အတွေးအခေါ်ပညာရှင်နှင့် ပရဟိတသမားအဖြစ် ကိုယ်စားပြုသည့်တန်ဖိုးများပေါ်လည်းအခြေခံကြောင်း ပြောခဲ့သည်။

"စီးပွားရေးသမားဖြစ်မလာခင်က ကျွန်တော်လည်း လူသားတစ်ဦးပါပဲ" - George Soros

George Soros အကြောင်း ပိုမိုဖတ်ရှုပါ

Richard Dennis: Pit မင်းသား

dennis.jpg

Dennis၏ ဇာတ်လမ်းသည် ယနေ့တိုင် ဆန္ဒပြင်းပြသောရောင်းဝယ်သူများ၏ အင်ဂျင်အား စိတ်တက်ကြွစေနိုင်သေးသည့် အရောင်းအဝယ်ဒဏ္ဍာရီများအတွက် အမျိုးအစားဖြစ်သည်။ အံ့အားသင့်ဖွယ်ကောင်းစွာ ချမ်းသာ၊ ထူးချွန်ပြီး ကုန်စည်အရောင်းအဝယ်၏ ရှေ့ဆောင်သူ - ဒီလိုမျိုး Richard Dennisကို သိကြပါသည်။

သူသည် ချီကာဂိုတောင်ဘက်ပိုင်းရှိ အတော်လေးနွမ်းပါးသည့် အိုင်းရစ်မိသားစုတွင် မွေးဖွားခဲ့သည်။ ချီကာဂို ကုန်သည်ကြီးများအိတ်ချိန်း၏ အရောင်းအဝယ်ကြမ်းပြင်တွင် အသက် ၁၇နှစ်မှာ အပြေးသမားအနေနဲ့ စတင်ခဲ့ပြီး - [ချေးထားသော $၁,၆၀၀ ကို အသက်၂၃တွင် ကုန်စည်များကို ၁၀နှစ်တာ အရောင်းအဝယ်အတွင်း $သန်း၂၀၀အဖြစ်ပြောင်းခဲ့သည်။]

နှစ်ပတ်ကြာ အုပ်စုတစ်ဖွဲ့အား လေ့ကျင့်ခဲ့ရာ သူ၏ လိပ်အတွေ့အကြုံအတွက် ကျော်ကြားပါသည်။ သူ၏ အတွေ့အကြုံ ငါးနှစ်ကြာပြီးနောက် အဆုံးသတ်သွားသောအခါ၊ သူ၏ လိပ်များသည် စုစုပေါင်း အမြတ် $၁၇၅သန်းဝင်ငွေရရှိခဲ့ကြောင်း အစီရင်ခံခဲ့သည်။

Dennisသည် ဈေးလမ်းကြောင်းရောင်းဝယ်သူတစ်ဦးဖြစ်သည်။ ဈေးလမ်းကြောင်းရှာဖွေရန်နှင့်၊ တိုးလာသော မြင့်မားသည့် leverageမှာ ဈေးလမ်းကြောင်းလားရာတွင် ပို၊ ပိုများသော အရောင်းအဝယ်များထားရခြင်းကို ပိုနှစ်သက်သည် - ကံထူးတဲ့အခါ ငွေများနိုင်သမျှ များများရှာနိုင်မှာဖြစ်သည်။

"သင့်တွင် အနေအထားတစ်ခုရှိသည့်အခါ၊ အကြောင်းပြချက်တစ်ခုအတွက် ဆင်ထားမှာဖြစ်ပြီး၊ အကြောင်းပြချက်မရှိတော့သည့်အထိ သင်သိမ်းထားရမှာဖြစ်သည် " - Richard Dennis

Richard Dennis အကြောင်းပိုမိုဖတ်ရှုပါ

နေ့ချင်းညချင်းကြီးပွားခြင်း - မည်သူမဆို၏ ဇာတ်လမ်းဖြစ်နိုင်ပါသည်

ရောင်းဝယ်သူတိုင်း မတူညီသောဇာတ်လမ်းရှိကြသည်။ သူတို့အားလုံး အတက်၊ အကျများစွာကို ဖြတ်သန်းရပေမယ့်၊ သူတို့မျှဝေသည့်အရာတစ်ခုကတော့ ပြန်ထဖို့ဆန္ဒနှင့်၊ ထို့နောက်အောင်မြင်ခြင်းပဲဖြစ်ပါသည်။ အရောင်းအဝယ်အောင်မြင်မှု၏ သင်ခန်းစာတိုင်းမှာ တူညီကြသည်: သင့်ဘာသာ အရှုံးပေးဖို့မဆုံးဖြတ်မချင်း ဒါဟာ မပြီးသွားပါ။ ၂၀၁၉မှာ အကောင်းဆုံးရောင်းဝယ်သူများစာရင်းတွင် နာမည်သစ်များထပ်ထည့်ပြီး၊ ထိုထဲကမှ တစ်ခုမှာ သင့်နာမည်ဖြစ်ပါစေ!

  • 260
  • 0
ဖုန်းပြန်ခေါ်ပေးမည်

မကြာမီ မန်နေဂျာမှ လူကြီးမင်း၏ ဖုန်းကိုပြန်ခေါ်ရန်။

နံပါတ် ပြင်ပါ

လူကြီးမင်း၏လျှောက်လွှာကို လက်ခံပြီးဖြစ်ပါသည်

မကြာမီ မန်နေဂျာမှ လူကြီးမင်း၏ ဖုန်းကိုပြန်ခေါ်ရန်။

အတွင်းပိုင်းတစ်ခုခုအမှားအယွင်းဖြစ်နေသည်။ ကျေးဇူးပြု၍ နောက်တစ်ကြိမ်ထပ်မံကြိုးစားကြည့်ပါ။

စတင်လေ့လာသူများအတွက် Forexစာအုပ်

စတင်ရောင်းဝယ်ရာတွင် လိုအပ်သည့် အရေးအကြီးဆုံးအရာ
သင့်အီးမေးလ်ကို ထည့်သွင်းလိုက်ပါ. Forex လမ်းညွှန်စာအုပ်ကို သင့်ထံအခမဲ့ ပေးပို့ပေးသွားပါမည်

ကျေးဇူးပါ!

သင့်အီးမေးလ်ထံ လင့်ခ်ပို့ပေးလိုက်ပါပြီ.
ထိုအီးမေးလ်အား ကလစ်နှိပ်ကာ သင့်အီးမေးလ်လိပ်စာကိုအတည်ပြုပြီး စတင်လေ့လာနေသူများအတွက် Forex လမ်းညွှန်စာအုပ်ကို အခမဲ့ရယူလိုက်ပါ.

သင်ဟာ ဘရောက်ဇာ ဗားရှင်းအဟောင်းကိုသုံးနေတာ ဖြစ်ပါတယ်.

အောင်မြင်မှုပိုရဖို့ နှင့် အရောင်းအ၀ယ် အတွေ့ အကြုံတွေရပြီး လုံခြုံမှုရှိဖို့အတွက် အဆင့်မြှင့်တင်လိုက်ပါ သို့မဟုတ် အခြားတစ်ခုကို သုံးပါ.

Safari Chrome Firefox Opera