အင်္ဂလန်နိုင်ငံဗဟိုဘဏ် ဆွေးနွေးပွဲ
ယနေ့ မှာ အင်္ဂလန်နိုင်ငံရဲ့ ဗဟိုဘဏ်သည် မူဝါဒတွေနဲ့ ပက်သက်ပြီး ပြောဆိုသွားမှာဖြစ်ပါတယ်. GBPကို အရောင်းအ၀ယ်လုပ်ဖို့ ရာ ဒီဆွေးနွေးပွဲအချက်အလက်က အရေးပါတဲ့ အတွက် ဒီသတင်းကို လက်လွတ်မခံသင့်ပါ.
နောက်ဆုံးပြုလုပ်ပြီးခဲ့တဲ့ ငွေကြေးဆိုင်ရာမူဝါဒဆွေးနွေးပွဲတွင် ဗဟိုဘဏ်အတိုးနှုန်းကို 0.25%အတိုင်းပဲမပြောင်းဘဲထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်. ထို့ပြင်ဗြိတိန်ရဲ့ ၂၀၁၇ခုနှစ်GDPကိုလဲ ၁.၄% ကနေ ၂%အထိတက်လာတယ်လို့ခန့်မှန်းထားခဲ့တာဖြစ်ပါတယ်. ဗဟိုဘဏ်အနေနဲ့  ငွေကြေးဆိုင်ရာမူဝါဒတွေကို ပြောင်းလဲသွားဖို့ မရှိနိုင်ပေမယ့် ငွေဖောင်းပွမှုတွေနဲ့ ပက်သက်တဲ့  ဘဏ်အကြီးအကဲရဲ့ မှတ်ချက်ကတော့  အလွန်တရာမှ အရေးပါ အရာရောက်လှပါတယ်. အကယ်၍ ဘဏ်အကြီးအကဲ Mark Carney ရဲ့ ပြောဆိုချက်အရ ဗြိတိန်ရဲ့ စီးပွားရေး ခိုင်မာအားကောင်းတယ်လို့ ဆိုပါက စတာလင်ပေါင် GBPသည် အချိန်တိုအတွင်း တန်ဖိုးမြင့်တက်သွားမှာဖြစ်ပါတယ်. အကယ်၍ Carneyရဲ့  မှတ်ချက်တွေအရ လက်ရှိစီးပွားရေးအလားအလာနဲ့ ပက်သက်ပြီး ပြောဆိုမှုမှာ သေချာရေရာခြင်းမရှိပါက စတာလင်ပေါင် GBPသည် အချိန်တိုအတွင်း တန်ဖိုးနိမ့်ကျ သွားမှာဖြစ်ပါတယ်.