FBSတွေ့ဆုံပွဲကို ကွာလာလမ်ပူမှာကျင်းပပြီးစီး!
တွေ့ ဆုံပွဲကြီးကို ဇန်န၀ါရီလ ၂၈ရက်နေ့ မှာ မလေးရှားနိုင်ငံရဲ့  ကြယ်ငါးပွင့်အဆင့်ရှိတဲ့ Grand Hyatt Kuala Lumpur ဟိုတယ်ကြီးမှာကျင်းပခဲ့ ပါတယ်. ကျွန်ုပ်တို့ တွေ့ ဆုံပွဲကြီးသည် မလေးရှားနိုင်ငံရဲ့ အရေးကြီးရုံးပိတ်အားလပ်ရက်ဖြစ်တဲ့ တရုတ်နှစ်သစ်ကူးနဲ့  အချိန်ကိုက်သွားကျတဲ့ အတွက် FBSရဲ့ ဖောက်သည်တော်တွေအနေနဲ့  တွေ့ ဆုံပွဲကိုတက်ရောက်ဖို့  အချိန်ကောင်းကောင်းရသွားကြပါတယ်.
ဒီအကြိမ်တွေ့ ဆုံမှုဟာ ဒုတိယအကြိမ်မြောက်တွေ့ ဆုံမှုဖြစ်ပြီး FBSအနေနဲ့ ပြင်ဆင်ချိန်သိပ်မရခဲ့ တဲ့ ပွဲတစ်ပွဲဖြစ်ပေမယ့် တကယ့်ကိုပဲအောင်မြင်မှုရခဲ့ တဲ့ တွေ့ ဆုံပွဲတစ်ပွဲပဲဖြစ်ပါတယ်. ဒီပွဲကလည်း ထိုင်းမှာကျင်းပခဲ့တဲ့ ပွဲလိုပဲ ဧည်သည်တော်တွေအချင်းချင်း တကယ့်ကို ရင်းနှီးဖော်ရွေစွာနဲ့ အမှတ်တရတွေ အများကြီးရှိခဲ့တဲ့ပွဲပါပဲ.
တွေ့ ဆုံပွဲကျင်းပရာ ဟိုတယ်အ၀င်ဝကတည်းက အထူးပြုလုပ်ချက်ကျွမ်းကျင်ပညာရှင်တို့ ရဲ့ မီးများကိုလင်းလက်တောက်ပနေအောင်ပြင်ဆင်ထားပြီး ဧည့်ကြိုကောင်တာမှာလဲ လင်းလက်တောက်ပနေတဲ့ အထူးပြုလုပ်ချက်တွေနဲ့ တက်ရောက်လာမယ့်ဧည့်သည်တော်များကို နွေးထွေးစွာကြိုဆိုဧည့်ခံခဲ့ပါတယ်. တကယ့်ကိုအာရုံကို ညှို့ယူဖမ်းစားနိုင်တဲ့ LEDမီးအလှများကို ဧည့်သည်တော်များက ရင်သပ်ရှုမောစွာ ကြည့်ရှုအားပေးခဲ့ကြပါတယ်. အမှတ်တရဓာတ်ပုံရိုက်နိုင်တဲ့နေရာတ၀ိုက်မှာတော့ FBSအဖွဲ့ သားတွေနဲ့ ဓာတ်ပုံအတူတူရိုက်ချင်တဲ့သူတွေနဲ့ ပြည့်ကျပ်လို့ နေပါတယ်. FBSရဲ့ထိပ်တန်းအကြီးအကဲများကလည်း အမှတ်တရဓာတ်ပုံရိုက်တဲ့ အစီအစဉ်မှာပါဝင်ဓာတ်ပုံအရိုက်ခံခဲ့ ကြပြီးပျော်ရွှင်စွာ တက်ကြွစွာနှင့့် ဧည့် သည်တော်အားလုံးနှင့့်အတူ အလုပ်အားတဲ့အချိန်လေးမှာ အတူတကွ အမှတ်တရ ရှိခဲ့ ကြပါတယ်. အားလုံးအတူတကွ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြပြီး ယခုထိုပုံကိုတော့ FBSရုံးခန်းမှာ အမှတ်တရချိတ်ဆွဲထားပါတယ်.
FBS CEOသည် မလေးရှားရောင်းဝယ်သူများအား ကျွန်တော်တို့ကုမ္ပဏီကို အကျိုးဆောင်အနေဖြင့်ရွေးချယ်သည့်အတွက် ကျေးဇူးတင်ကြောင်း အမှာစကားပြောခဲ့ပြီး၊ အနာဂတ်အတွက် ကုမ္ပဏီ၏ အစီအစဉ်ကိုလည်း ပြောပြခဲ့ပါသည်။ ဧည့်သည်တော်များသည်လည်း သူတို့အတွေ့အကြုံများကို မျှဝေခဲ့ကြပြီး၊ အသုံးဝင်မည့် တုံ့ပြန်ချက်ကြီးကို ပေးခဲ့ပါတယ်။
ဟုတ်ပါတယ် ပွဲမှာအားလုံးအတွက် စိတ်လှုပ်ရှားခဲ့ရတဲ့အချိန်ကတော့  ဖျော်ဖြေပွဲအချိန်ပါပဲ. တရုတ်နှစ်သစ်ကူးကိုကြိုဆိုတဲ့  ရိုးရာအကတွေနဲ့ စတင်ကပြဖျော်ဖြေခဲ့တာပါ. အားလုံးကလဲ အကပညာရှင်တွေရဲ့  လှပတဲ့ဝတ်စုံတွေနဲ့  ညက်ညောပျော့ပျောင်းတဲ့ အကအလှတွေကြားမှာ အံသြမင်သက်ပြီး အသက်ရှုဖို့ တောင် မေ့နေခဲ့ကြပါတယ်.
ထုံးစံအတိုင်းပင် FBSကသူရဲ့ အထူးဧည့်သည်တော်တို့ အတွက် အထူးအံ့အားသင့်စေမယ့်အစီအစဉ်တွေစီစဉ်ထားပေးပါတယ် - အဆိုတော်Dayang Nurfaizahနဲ့  ဟာသလူရွှင်တော်Harith Iskanderတို့ ရဲ့ ရှိုးပွဲနဲ့ ဧည့်ခံဖျော်ဖြေခဲ့ တာပါ. နှစ်သ်ဖွယ်ကောင်းတဲ့ အဆိုတော်Dayang Nurfaizahက သူမရဲ့ နာမည်ကျော်သီချင်းဖြစ်တဲ့ “Lelaki Teragung” (အကောင်းဆုံး လူ)သီချင်းနဲ့ သီဆိုဖျော်ဖြေခဲ့ပါတယ်.မလေးရှားနိုင်ငံရဲ့ နာမည်ကျော်“Anugerah Juara Lagu” (Champion of Song Awards)သီချင်းဆိုပြိုင်ပွဲမှာ ထိုသီချင်းနဲ့ သူမဆုရခဲ့ တာပါ. ပြောပြရမယ်ဆိုရင် ဧည့်သည်တော်တွေအနေနဲ့ ပျော်လွန်းလို့ အရမ်းကိုပျော်ပါတယ်ဆိုတဲ့စကားကလွဲပြီး အခြားပြောစရာစကားတောင်ရှိမှာမဟုတ်ပါဘူး! ဟာသလူရွှင်တော်Harith Iskanderကလည်း တကယ့်ကိုထူးချွှန်ထက်မြက်တဲ့ ဟာသဥာဏ်ရှိတဲ့သူပါ, သူ့ ရဲ့ ပြောင်ချော်ချော်မျက်နှာပေးကိုစမြင်ရုံနဲ့ တင် လူတိုင်းကရယ်နေကြပါပြီ. စကားစပ်မိလို့ ပြောရပါဦးမယ် ဟာသလူရွှင်တော်Harith Iskanderသည် ဖင်လန်နိုင်ငံ လီဗိုင်းမြို့ မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ လူရွှင်တော်ပြိုင်ပွဲမှာ"Funniest person in the world 2016"ဆုကိုရရှိထားတဲ့ သူတစ်ယောက်ပါ.
ဧည့်သည်တော်များအတွက် FBSမှတန်ဖိုးကြီးဆုလက်ဆောင်များကိုမဲဖောက်ပေးခဲ့ပြီး ကံအကောင်းဆုံးဧည့်သည်တော်တွေကတော့ iPhoneအသစ်တွေ iPadအသစ်တွေရရှိသွားပြီး တချို့ ဆိုရင် MacBook Proတို့ iMacတို့အထိ ကံထူးသွားကြပါတယ်! လက်ဆောင်ဆိုတာမျိုးက ယူရတာထက်ပေးရတာပိုကြည်နူးစရာကောင်းတယ်ဆိုတာသိတဲ့ အတွက် ဧည့်သည်တော်များအတွက် လက်ဆောင်ပစ္စည်းများစွာကို စီစဉ်ပေးထားခဲ့ ပါတယ်! အားလုံးရဲ့ ဝမ်းသာအားရပျော်ရွှင်နေတဲ့မျက်နှာကိုမြင်ခဲ့ရပြီး အလွန်ကျေးဇူးတင်တဲ့စကားသံတွေကို နားထောင်ခဲ့ရတာဟာ တကယ့်ကိုကျေနပ်ပီတိဖြစ်ခဲ့ရပါတယ်! :)