နယူးဇီလန် ဗဟိုဘဏ်ဆွေးနွေးပွဲ နောက်တစ်ကျော့လာပြန်ပြီ
နယူးဇီလန် ဗဟိုဘဏ်(RBNZ) ၏ အတိုးနှုန်းဆုံးဖြတ်ချက် ဆွေးနွေးပွဲကို သြဂုတ်လ ၁၀ရက်နေ့ ၀၀:၀၀ MT အချိန်တွင် ထုတ်ပြန်သွားဖို့ ရှိပါသည်. ထိုအချိန်ပြီးနောက်ပိုင်း တစ်နာရီအကြာတွင် ထိုဆုံးဖြတ်ချက်အကြောင်းရှင်းလင်းပြောကြားပေးမည့် သတင်းဟာရှင်းလင်းပွဲကိုပါ ကျင်းပပေးမှ ဖြစ်ပါသည်. အာရှအရောင်းအ၀ယ်အချိန်ကို နှစ်သက်သူဖြစ်ပါက ဤဒေတာကို လက်လွတ်မခံသင့်ပါ. NZDနယူးဇီလန် ငွေကြေး ကီဝီကို အရောင်းအ၀ယ်လုပ်လိုသူ များအနေနှင့် ထိုRBNZ အတိုးနှုန်းဆုံးဖြတ်ချက်ကို ဂရုစိုက်စောင့်ကြည့်သင့်ပါသည်.
ငွေဖောင်းပွမှု ကျဆင်းသွားခဲ့တာနှင့်အတူ ဒုတိယ သုံးလပတ် စားသုံးသူပေးချေမှု ဒေတာများ တိုးတက်လာခြင်းမရှိသေးတာကြောင့် နယူးဇီလန်ဗဟိုဘဏ်အနေနှင့် လတ်တလောအတွင်း အတိုးနှုန်းတင်ဖို့မရှိလောက်သေးပါ. မေလနောက်ဆုံးပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် RBNZအတိုးနှုန်းကို 1.75%သာထားခဲ့ပြီး နောက်လာမည့်လတွေမျာ အတိုးနှုန်းတင်ဖို့ ရည်ရွယ်ချက်မရှိသေးကြောင်း ပြသသွားခဲ့ပါသည်.
အကယ်၍ RBNZ၏ အတိုးနှုန်းမတင်လိုတာ သေချာခဲ့ပါက နယူးဇီလန်ဒေါ်လာတန်ဖိုး ကျဆင်းသွားနိုင်သည့်အတွက် ထရိတ်ဒါတို့အတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါသည်.