US CPI (အမေရိကန် စားသုံးသူများ၏ ကုန်စည်နှင့် ၀န်ဆောင်မှုများအတွက်ပေးချေမှု အခြေအနေ)
အမေရိကန်စားသုံးသူများ၏ အခြေအနေပြဒေတာ (CPI)ကို ဂျူလိုင်လ ၁၄ရက် ၁၅:၃၀ MTအချိန်တွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။.
စာသုံးသူများ၏ ပေးချေမှုဒေတာများသည် ငွေကြေးတန်ဖိုးအတွက် အရေးကြီးသည့် ဒေတာတစ်ခုဖြစ်ပါသည်. USDအတက်အကျကို ခန့်မှန်းသိရှိနိုင်ရန်အတွက် ထရိတ်ဒါအများစုက CPIဒေတာကို စောင့်ကြည့်နေလေ့ရှိပါသည်. ဗဟိုဘဏ်အနေနှင့်လည်း အတိုးနှုန်းတင်ရန်အတွက် အရေးပါသည့်အတွက် ယခု CPIဒေတာကို သတိထားစောင့်ကြည့်လေ့ရှိပါသည်. ငွေဖောင်းပွမှုဒေတာ အားနည်းပါက ယခင်Fed၏ နှစ်ကုန်ပိုင်းတွင် အတိုးနှုန်းတင်မည့်အစီအစဉ်ကို သွေဖယ်သွားစေနိုင်ပါသည်. ယခုထွက်မည့်ဒေတာ အားကောင်းပါက နောက်ထပ်အတိုးနှုန်းတက်မည့်အလားအလာအပေါ် ရင်းနှီးမြှပ်နှံသူများ၏ မေးခွန်းထုတ်မှု ရပ်တန့်သွားမည် ဖြစ်ပြီး အမေရိကန်ငွေကြေး USDတန်ဖိုး အားကောင်းသွားမည်ဖြစ်ပါသည်.